အပိုင်း ၆၉

2.5K 74 2
                                    

(unicode)

မိသားစုဝင်သုံးဦးတို့သည် ဧည့်ခန်းထဲဝယ် ရုပ်ရှင်အတူကြည့်နေကြသည်။ လူကြီးတစ်ယောက်သည် သူ့၏ခင်ပွန်းလူကြီးပေါက်စကို ရင်ခွင်ထဲ ထည့်ဖက်လျက်ရှိနေပြီး ဆိုဖာ၏နောက်အစွန်းတစ်ဖက်တွင်မူ သမီးဖြစ်သူမှာ ခေါင်းအုံးလေးပိုက်လျက် ရှိနေလေသည်။

ယသော်ငယ်ငယ်ရှေ့က TVအား အာရုံမစိုက်နိုင်ဘဲ ဖေဖေနှင့် daddyတို့ဘက်ကို မကြာမကြာကြည့်နေမိသည်။ ကြည့်စရာမလိုအောင် အလွတ်ရနေပြီးဖြစ်သော TITANIC movie အား ထပ်ခါ ထပ်ခါပြန်ကြည့်တတ်သော ဖေဖေ။ ဖေဖေပြန်ကြည့်ချိန်တိုင်း တစ်ခါမှပျက်ကွက်ခြင်းမရှိ အတူလိုက်ကြည့်ပေးသူက daddy...

" အင်း..."

အသံရှည်တိုးတိုးဆွဲမိသည်။ daddy သည် ယ
သော်အား လိုလေသေးမရှိထက် ပြည့်စုံအောင်ဂရုစိုက်သော်လည်း ဖေဖေစကားတစ်ခွန်းဆိုလျှင် တစ်ခွန်းပင်။ နာခံမှုမမည်သော အလိုလိုက်မှုအပြည့်နှင့် ချစ်တတ်သူတစ်ယောက်။ ခုလည်း ရင်ခွင်ထဲမှဖေဖေခေါင်းလေးကို မကြာမကြာငုံ့လျက် နမ်းရှိုက်နေပေသည်။

ငယ်စဥ်အခါက ဖေဖေနှင့် daddyကြား အချိန်ခါမသိပြေးဝင်၍ ဝင်ရှုပ်မိလေတိုင်း daddy က ဘွားဘွားဆီ ၂ ရက် ၃ ရက်မက အလည်ပို့လိုက်တတ်သည်။ ဘွားဘွား(ဒေါ်ပပသိင်္ဂီ) နှင့်ဖေဖေတို့သည် သားအမိရင်းဖြစ်သော်လည်း အပြော အဆို နည်းလှသည်။ daddy နှင့် ဘိုးဘိုး(ဦးမင်းထွဋ်ခေါင်) တို့မှာလည်း ထိုနည်းတူပင်။ သို့သော် ဘိုးဘိုး(ဦးမင်းထွဋ်ခေါင်) နှင့်ဖေဖေမှာမူ တွေ့လေတိုင်း ခဏအတွင်း စကားနိုင်လုတတ်ကြသေး၏။

ဖေဖေနှင့် daddyတို့၏သမီးအဖြစ် မွေးဖွားလာမှုကို ယသော်ငယ်ငယ် အပြည့်အဝကျေနပ်မိ၏။ အရာရာကိုဦးစားပေးချစ်တတ်သူ daddyအားပိုင်ဆိုင်ထားသော ဖေဖေအားလည်း အားကျမိသည်။ ထို့ပြင် တစ်နေ့တွင် daddy ကဲ့သို့ တစ် စုံတစ်ယောက်အား ပုံအောချစ်နိုင်သောသူတစ်ယောက်လည်း ဖြစ်ချင်မိသည်။ daddy မှာ ဖေဖေ ဘာလုပ်လုပ်အပြစ်မမြင်နိုင်။ ဖေဖေသည်လည်း daddyအချစ်ပိုအောင် ဆောင်ရွက်နိုင်လေသည်။ "ယသော်ငယ်ငယ်" မည်သော မိမိသည်သာ...

အတွေးတို့ကိုရပ်လိုက်ပြီး ဖေဖေတို့ထံသို့ ကြည်မိလိုက်ပြန်လျှင် ကိုယ့်အဖြစ်ကို ကိုယ်ပြန်သနားမိ သည်။ အခန်းထဲ လူသုံးယောက်အတူရှိနေသော် ငြားလည်း...

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now