အပိုင်း ၄၀

3K 106 0
                                    

(unicode)

အသိစိတ်မှာနိုးနေပြီးဖြစ်သော်လည်း မျက်လုံးတို့ကို ချက်ချင်းမဖွင့်ချင်သေး၍ အနီးနားရှိခေါင်း အုံးကို လှမ်းဆွဲယူလိုက်သည်။ သို့သော်လည်း ကိုင်မိသည်မှာ ပျော့စိစိဂျယ်လီ။ အသာဖိကိုင်ညှစ်ကြည်လိုက်ပြီး လက်ကို အနည်းငယ်နေရာရွေ့လိုက်လျှင် အပေါက်သေးသေးနှစ်ပေါက်ကို စမ်းမိ၏။ ထို့ကြောင့် လက်နှစ်ချောင်းဖြင့် ထိုအ ပေါက်တွင်းသို့ နှိုက်ကြည်လိုက်သည်။ ပူနွေးနေသော လေအထိတွေ့ကြောင့် လက်ကိုပြန်ထုတ်လိုက်ပြီး အပေါ်ဘက်တို့ထပ်တတ်စေလိုက်လျှင် အနည်းငယ်ချိုင့်နေသော အနေထားကြောင့် ထပ်နှိုက်ကြည့်လိုက်ချိန်

" ကလေးငယ် "

လူကြီးအားလွမ်းနေ၍ အသံတို့ကိုပါ ကြားယောင်နေမိပေသည်။

" မြူဆွယ်နေပြန်ပြီးလား ကလေးငယ် "

ထပ်မံကြားယောင်လာသော အသံကြောင့် မျက် လုံးတို့ကိုဖွင့်ကြည်လိုက်လျှင် အကိတ်စားဘော်ဒီနှင့် ဦးဒေါင်းမာန်ကို အနား၌အိပ်နေလျက်ဖြင့် ဘေးစောင်းလေး တွေ့လိုက်ရ၏။ အိမ်မက်ထဲ​ဖြစ်နေ၍ ရင်ဘတ်နေရာအား ပုံမှန်လို့ ခိုးကြည့်စရာမလိုဘဲ သေချာကို စူးစူးစိုက်စိုက် ကြည့်ရဲလေ၏။ တင်းတင်းကိတ်ကိတ်လေးကို သေချာကြည့်နေရင်းမှ ထိတွေ့ချင်မိပြန်သည်။ အိမ်မက်ထဲဝယ်ဖြစ်၍ စိတ်တို့ကို အလုံးစုံထိန်းစရာမလိုဘဲ စိတ်ကြိုက်ညှစ်ချေနေမိသည်။

" အိချိ အိချိလေး ပြွတ် "

တစ်ဖက်ကိုငုံစို့လိုက်ပြီး ကျန်တစ်ဖက်ကို ညှစ်ကစားလိုက်သည်။ အိမ်မက်ဖြစ်သော်လည်း အထိတွေ့မှာ လက်တွေ့နည်းတူ ခံစားမိပေ၏။

ရင်ဘတ်နေရာကို ကလေးနိုစို့နေသည်ပမာ လျှာမသုံးဘဲ အသံမြည်လာသည့်အထိ စုပ်ယူနေသော ကလေးငယ်ကြောင့် အနည်းငယ် ယားလာမိ သည်။ ကျန်လက်တစ်ဖက်ဖြင့်လည်း ကြွက်သားတင်းတင်းအား ဆွဲညှစ်ခံထားရ၍ နာကျင်လာပေသည်။

ကလေးငယ်၏လက်ကို အသာဖယ်ထုတ်လိုက်သည်။ ဖယ်ခွာသွားသော လက်လေးကြောင့် ရင်ဘတ်ဖုသီးလေးကိုလည်း နှုတ်ခမ်းချွန်ချွန်လေးထဲမှ ထုတ်ရန် ပြင်ရပြန်သည်။ စောင်းအိပ်ထားသောကိုယ်ကို ဖြည်းဖြည်းချင်းပြန်လှည့်ယူလိုက်လျှင် ကလေးငယ်မှာ နှုတ်ခမ်းလေးချွန်လျက်ဖြင့် လိုက်ကာ နို့လိုက်ရှာနေပေသည်။

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now