အပိုင်း ၆၃

2.6K 94 0
                                    

(unicode)

XZအုပ်စုအပိုင် ဆေးရုံကြီးတစ်ခု၏ operation room ရှေ့တွင် တည်ငြိမ်စွာ ထိုင်နေသူတစ်ဦး။ တည်ငြိမ်ဟန်ပြုလျက် ထိုင်နေသည်ဟုဆိုလျှင်
ပိုမှန်ပေသည်။

ခြေကိုချိတ်လျက် လက်ချောင်းတို့ကိုယှက်ထားပြီး မျက်နှာတည်ဖြင့် ထိုင်နေသူကိုကြည့်၍ ဦးမင်းထွဋ်ခေါင် အနည်းငယ်အံ့သြသွားသည်။ ဒေါင်းမာန်သည် သူ့ယောကျ်ားအား သည်းသည်းလှုပ်ချစ်သည်ကို လူတိုင်းအသိ။ ယခုကဲ့သို့အရေး ကြီးချိန်တွင်မူ တည်ငြိမ်ဟန်ရှိနေ၍

" ဒေါင်းမာန် မင်းယောကျ်ားက ခွဲခန်းထဲမှာလေ "

" အင်း။ ကလေးငယ်ဝင်သွားတာ တစ်နာရီ၊ လေးဆယ်ခြောက်မိနစ်နဲ့ ဆယ်ရှစ်စက္ကန့်ရှိပြီး "

ရှေ့၌လာရပ်လျက် အမေးစကားဆိုလာသူအား ဒေါင်းမာန်တည်ငြိမ်စွာ အဖြေစကားတုံ့ပြန်လိုက်သည်။ တည်ငြိမ်ဟန်ရှိနေသော်လည်း စိုးရိမ်မှု
မြင့်တတ်နေကြောင်း ဦးမင်းထွဋ်ခေါင်သတိထားမိလိုက်သည်။ ထို့ကြောင့် ရွတ်လက်စဘုရားစာကိုသာ operation room အတွင်းရှိနေသောလူသားလေးနှစ်ယောက်အတွက်ရည်ရွယ်၍ ဆက်ရွတ်နေလိုက်သည်။

ဦးမင်းထွဋ်ခေါင် မြေးလေးရတော့မည်ဖြစ်၍
ရင်ခုန်မိသည်။ ထို​ပြင့် သမက်ဖြစ်သူ အန္တရာယ် ကင်းစွာမွေးဖွားနိုင်ရန်အတွက် ဆုတောင်းလျက် ရင်တုန်မိသည်။ မွေးဖွားသူအတွက် ဆရာဝန်တို့ကို သေချာဂရုစိုက်ကြပ်မတ်ရွေးချယ်ထားကြသော်လည်း စိတ်ပူမှုတို့မှာမူ တစ်စက်ကလေးပင် လျော့မသွား။

ဒေါင်းမာန်၏အမူရာတို့မှာ အများအမြင်တွင်တည်ငြိမ်နေသော်ငြားလည်း ကိုယ်တိုင်ဖြစ်တည်နေသောခံစားချက်တို့တွင် ကြောက်လန့်မှု၊ စိုးထိန့်မှု၊ မသေချာမှု အစရှိသော ပူပန်မှုတို့ဖြင့်ပြည့်နေလေသည်။

၆ လခန့်ကြာပြီးသော်

မျက်တွင်းများညိုကွက်လျက် အပူသည်ရုပ်ထွက်နေလေသူ တစ်ယောက်။ ဆံပင်တို့သည်လည်း သေချာဖြီးထားမှုမရှိဘဲ ရှုပ်ပွနေသည်။ မျက်နှာအမူအရာမှာလည်း ဝမ်းနည်းနေကြောင်း သိသာနေပေသည်။ ထိုသူမှာ အခြားသူမဟုတ်၊ ဒေါင်းမာန်ထွဋ်ခေါင်ပင်။

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now