အပိုင်း ၆၅

2.8K 83 0
                                    

(unicode)

"  သမီးငယ်​​လေးရေ...ပုန်းနေတဲ့ နေရာကနေ ခုထွက်လာခဲ့လိုက်နော်။ ဖေဖေစိတ်မဆိုးချင်ဘူး ယသော်ငယ်ငယ် ! "

လေးဘက်ထောက်၍ ထိုင်တတ်ရုံအရွယ်သမီး
ဖြစ်သူ "ယသော်ငယ်ငယ်" မှာ ဖြည့်စွက်စာကျွေးချိန်တိုင်း ခုံများအောက်၊ လိုက်ကာများကြား ထိုကဲ့သို့နေရာများတွင် သွားရောက်ပုန်းရှောင်တတ်ပေးသည်။ ယခုလည်း လိုက်ကာရှည်ကြားမှ ထွက်မလာဘဲ ရှိနေသည်။

" မန့်မန့်စားပြီးရင် ဖေဖေ့ချိုချိုတိုက်မယ်။ ထွက်လာခဲ့ပါတော့ သမီးလေးရယ်... "

ထွက်မလာ​သေးသော သမီးဖြစ်သူကို ထိုင်ကြည့် နေလျက် စွယ်သော်လင်း ငိုချင်လာသည်။ ယသော်ငယ်ငယ်မှာ သူ့daddyစကားဆိုလျှင် ချက် ချင်း နားထောင်တတ်သည်။ စွယ်သော်လင်းခေါ်နေသည်မှာ ၁၅ မိနစ်ကျော်ကျော်ကြာနေပြီးဖြစ်သော်လည်း လိုက်ကာများနှင့်ကွယ်၍ ပုန်းနေသော ယသော်ငယ်ငယ်မှာ လုံးဝထွက်မလာဘဲ ပြာဖန့်ဖန့်အကြည့်တို့ဖြင့် ပြူးပြူးလေးကြည့်လျက် ငေးနေလေသည်။

ဒေါင်းမာန်အိမ်ထဲဝင်လိုက်လျှင် ကလေးငယ်နှင့်သမီးဖြစ်သူတို့၏သွေးအေးတိုက်ပွဲအသေးလေးကို တွေ့လိုက်ရသည်။ လိုက်ကာဖြင့် ကိုယ်လုံးအားကွယ်ထားလျှင် လုံခြုံဟန်ထင်နေသူနှင့် ခေါ်သည်ကို အဖက်မလုပ်လာ၍ ငိုမဲ့မဲ့မျက်နှာလေးဖြင့် ကလေးငယ်။

" သမီးလေးရေ...daddy ဆီလာပါအုန်း "

အပေါ်ကုတ်အင်္ကျီကိုချွတ်၍ အနီးရှိခုံတစ်ခုပေါ်တင်လိုက်ပြီး အောက်ခံကျန်ရှပ်အင်္ကျီအဖြူလက်ကို ခေါက်တင်လိုက်ပြီး ဆောင့်ကြောင့်
ထိုင်လက်ကမ်းလျက် သမီးဖြစ်သူအား ခေါ်လိုက်သည်နှင့် နှစ်ခါမခေါ်ရအောင် လေးဘက်ထောက် အပြေးလေးရောက်လာသည်။

သူ့daddyခေါ်တာနှင့် အပြေးထွက်လာသူကို စွယ်သော်လင်းအကြည်စူးစူး ပို့လွှတ်သည်။ ကိုယ် တိုင်​လွယ်မွေးထားသော သမီးအရင်းဖြစ်သော် လည်း ခွဲခြားခွဲခြားဖြင့် လူကြီးအနားကို ပိုကပ် သည်။

" ဟွန့် လူကြီး..."

လက်မောင်းလေးထက်ပါးအပ်လာသော ကလေးငယ်။ ချိုအီအီခေါ်သံကြောင့် ဒေါင်းမာန်အနည်း ငယ်အံ့သြမိသကဲ့သို့ သမီးလေးမှာလည်း မျက် လုံးဝိုင်းတို့ဖြင့် သူ့ဖေဖေအား ပြူးကြည့်လျက်
ရှိနေလေသည်။

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now