အပိုင်း ၈

4.3K 232 1
                                    

(unicode)

" မနားနေဘဲ ဘာလို့လမ်းများနေတာလဲ ပေါက်စ "

" စိတ်ပူလို့လား "

" မပူပါဘူး။ ကိုယ်တစ်ယောက်လုံးအနားမှာ ရှိနေတာပဲလေ "

" လူကြီး "

" ပြောလေ "

" ရည်းစားဘယ်နှစ်ယောက်ထားခဲ့ဖူးလဲ "

".........."

အမေးစကားအားချက်ချင်း ပြန်မဖြေလာ၍ လူကြီးမျက်နှာထံကြည်လိုက်လျှင် ပြုံးစိစိလုပ်နေလေသည်။ အဖြေစကားပြန်မထွက်လာဘဲ တိတ်နေသောလူကြီးကြောင့် သော်လင်းစိတ်မကောင်းဖြစ်မိသည်။ လူကြီးသည် ရိုးရှင်းသောအမေးကိုပင် မဖြေ။ ထို့ကြောင့် လူကြီး၏"ချစ်တယ်"ဟူသောစကားကိုပင် သံသယဝင်ချင်လာမိ၏။

ယဥ်ယဥ်ထွေးမှာ မေကြီးနှင့်အိမ်အလုပ်များဝိုင်းကူနေချိန်တိုင်း သူငယ်ချင်းစွယ်သော်လင်းမှာထုံးစံမပြတ်ရွာလည် ထွက်သွားချေပြီး။ နေမကောင်းပျောက်သည်နှင့် အငြိမ်မနေတော့။
မေကြီးကလည်း ဝိုင်းတားပေးမည်မရှိဘဲ
အားပေးလိုက်သေး။ ဘာတဲ့... လှုပ်ရှားမှုရှိမှ ကျန်းမာရေးကောင်းမှာတဲ့။ ဟိုကလည်း ဝိုင်းပြောပေးသူရှိ၍ ခုန်ပေါက်ပျော်ရွှင်စွာ သွားလေတော့သည်။

" အိမ်ရှင်တို့... အိမ်ရှင်တို့ "

" ဘယ်သူဆီ အလည်လာသူတွေလည်းမသိကွယ်၊ လမ်းလာမေးတာ ထင်တယ် "

မေကြီးတစ်ယောက်ပြောပြောဆိုဆိုနှင့် အိမ်ရှေ့ဘက်ထသွား၏။

" အိမ်ရှင်တို့ "

" လာပြီးကွယ်...ဘယ်သူလဲဟေ့ "

" စွယ်သော်လင်းရှိလား၊ ကျွန်မစွယ်သော်လင်းရဲ့အမေပါ "

" ဝင်လာခဲ့ ဝင်ခဲ့၊ သော်လင်းကတော့ အိမ်မှမရှိသေးဘူးကွဲ့၊ ရွာလည်ထွက်သွားတယ်၊ ယဥ်ယဥ် "

" ရှင့်...မေကြီး "

" ဖျာလေးယူခင်းပါအုန်း "

" ဟုတ်ကဲ့ မေကြီး "

ရွာလမ်းတွင် လက်ချောင်းချင်းယှက်တွဲလျက်စွယ်သော်လင်းနှင့် ဒေါင်းမာန်တို့နှစ်ဦးသည် အေးအေးလူးလူး လမ်းလျှောက်နေကြ၏​။ ရွာ သူ၊ ရွာသားတို့သည် မနက်မှစ ညနေပိုင်းထိတိုင် အောင် တောင်ယာ၊ လယ်ထဲ၌သာ ရှိနေတတ်ကြသည်။ ထို့ကြောင့် နေခင်းဘက်ဆိုလျှင် ရွာထဲလူသူများများစားစားမကျန်နေ၍ အများအမြင်ကို အထူးရှောင်နေစရာမလ်ို။

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now