အပိုင်း ၁၃

3.8K 183 1
                                    

(unicode)

" အစ်ကိုသာလိုက်မပို့ရင် တော်တော်နဲ့ ရောက်မှာ မဟုတ်တော့ဘူး "

" အင်း။ ဒါနဲ့သော်လင်းက ဘာလို့အရက်သောက်တာလဲ "

" မဟုတ်ဘူး။ သော်လင်းက အရက် လုံးဝမသောက်ဘူး။ အခုက ရေနဲ့အရက် မှားသောက်မိသွားတာလေ "

" အပေါ်ထိ လိုက်ပို့မယ်လေ၊ ညီလည်းသောက်ထားတယ်မလား။ အပေါ်တတ်ဖို့ အဆင်ပြေရဲ့လား "

" ကျေးဇူးပါ အစ်ကို "

ခွင့်ပြုချက်ရသည်နှင့် ထိုကောင်လေးလက်မှ သော်လင်းကို အသာဆွဲယူပြီး ပခုံးပေါ်ထမ်းလိုက်သည်။ တွဲဖက်ထားသော ပခုံးကြားမှသူငယ်ချင်းအား အရုပ်ကလေးတစ်ရုပ်ကို ဆွဲယူလိုက်သည်ပမာ အလွယ်ယူလိုက်နိုင်သူကြောင့် ​ငြိမ်းချမ်းအံ့သြရသည်။ သန်မာလိုက်သော လက်မောင်းတွေ။ လက်ဖျံတို့၌လည်း အကျောများက အထင်သား။

" ရှေ့ကလမ်းပြလေ "

" ဟုတ်ကဲ့ ဟုတ်ကဲ့ "

" ဇန် ! "

အသံလာရာလှည့်ကြည်လိုက်ချိန် လူထင်သည် ခြေလှမ်းကျယ်ကြီးဖြင့် အနားရောက်လာလေပြီး။

" ဇန် ! သော်လင်းဘယ်လို့ဖြစ်တာလဲ၊ ဒီလူက "

သော်လင်းတိုက်ခန်းအောက်တွင် ဇန်နှင့်အခြားသူတစ်ယောက်တို့ ပြုံးပျော်နေကြသည်ကို တွေ့လိုက်ရ၍ လူထင်ခြေလှမ်းကျယ်တို့ဖြင့် အပြေးလေးကပ်လာလိုက်သည်။ အနားရောက်ခါမှ ဇန်တစ်ယောက်တည်းမဟုတ်ဘဲ အခြားတစ်ယောက်လက်ထဲက သော်လင်းကိုပါ တွေ့လိုက်ရလေသည်။

............

..📱..(ဖုန်းသံ)..📱..

ဖုန်း contact name ကိုတွေ့လိုက်ခါမှ ကဗွီးကိုကြိုရန်မေ့ခဲ့ကြောင်း သတိရလာ၏။

" Hello "

" Hello ကိုကို၊ ဘာလို့လာမကြိုသေးတာလဲ၊ ကဗွီးစောင့်နေတာ ကြာနေပြီး "

" ကိုယ်အလုပ်ကိစ္စလေးပေါ်လာလို့၊ နောက်တစ် ခါ မဖြစ်စေရဘူး။ အခု ကိုယ့်ကားလွှတ်လိုက်မယ်နော် "

"..........."

" ကဗွီး "

" ပြီးရော၊ အာ့ဆို ဒါပဲနော် "

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now