အပိုင်း ၃၈

2.5K 98 0
                                    

(unicode)

" ချစ်လို့ "

" ဘာပြောလိုက်တယ် လူထင် "

မရှင်း၍ သေချာပြန်မေးလိုက်၏။

" ချစ်လို့ပါဆို၊ ငါမင်းကို ချစ်လို့ ! ကြားပြီးလား "

သေချာကြည့်လျှင် ကျေနပ်ပြုံးတို့ဖုံးဖိမရအောင် ဇန်ငြိမ်းချမ်းကိုမျက်နှာထက် ထင်နေသည်ကို တွေ့ရပေမည်။ လူထင်၏အပြောတို့ကြောင့် ရင်သည် တလှပ်လှပ်ခုန်လာ၏။ အရင်တည်းကပြောလိုက်လျှင် ဒီလောက်အထိပေရှည်နေမည်မဟုတ်။ အခုတော့ ရည်းစားတစ်ယောက်ပင် အဖတ်တင်ခဲ့လေပြီး။

" ငါမှာ ကောင်မလေးရှိနေပြီး "

" ဖြတ်လိုက် "

" ဘာအတွက် ဖြတ်ရမှာလဲ "

" ငါနဲ့တွဲဖို့ "

စကားဆုံးသည်နှင့် လူထင်ကျော်နှုတ်ခမ်းသည် ဇန်ငြိမ်းချမ်းကိုနှုတ်ခမ်းထက် ပူးကပ်သွားသည်။ ရုတ်တရက်ဆန်သော လူထင်ကျော်အပြုမူကြောင့် ဇန်ငြိမ်းချမ်းကို အနည်းငယ်လန့်မိသည်။ ထိုမှ သတိဝင်လာပြီး အနမ်းခံနေရသောနှုတ်ခမ်းလေးမှာ ကျေနပ်စိတ်တို့ဖြင့် ပြုံးသွားသည်။

တွန်းမထုတ်သောဇန်ကြောင့် ချိုမြမြနှုတ်ခမ်းလေးကို အလွတ်မပေးမိ။ အသာဟလာသော နှုတ်ခမ်းလွှာကြားသို့ လျှာလေးကို တိုးဝင်စေ လိုက်ပြီး ထိုမှ အာခံတွင်းအနှံ့ နေရာမလပ်အောင် မွှေ့နှောက်နေမိပြန်သည်။

အသက်ရှူရသည်မှာ အားနည်းလာရ၏။ ဝလင်အောင် လေမရ၍ လူထင်၏အပေါ်နှုတ်ခမ်းကို
ဖိကိုက်၍ သတိ​ပေးရ၏။

" အာ့ ! "

" sorry sorry အရမ်းနာသွားလား "

မျက်နှာတည်ဖြင့်ကြည်နေသော လူထင်ကြောင့်အနည်းငယ် အနေရခက်လေ၏။ လူထင်မျက်နှာအခြေနေကို သေချာလေးပြန်ကြည်နေမိလျှင် တ ဖြည်းဖြည်းနှင့် မဲ့လာသယောင် မျက်နှာကြောင့် ခြေမကိုင်မိ လက်မကိုင်မိဖြစ်ရပြန်သည်။

" ဘာဖြစ် ဘာဖြစ်လို့လဲ လူထင်၊ အရမ်းနာလို့လားဟင်၊ ငါမရည်ရွယ် "

" အရမ်းနာတယ် ဇန် "

" အေး။ ငါဘာလုပ်ပေးရမလဲ "

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now