အပိုင်း ၇၁

2.3K 68 0
                                    

(unicode)

" ကလေးငယ် "

အခန်းတံခါးဖွင့်ဝင်လိုက်ပြီး အသံပြုလိုက်သည်။ ကုတင်ထက်ခြေထောက်လေးတွဲလျက် ထိုင်နေသူ အနားသို့ ပိုကပ်သွားလိုက်လျှင်

" ရပ် ! အနား ထပ်တိုးမလာနဲ့။ အေးချမ်းတဲ့ရွာမှာ တွေ့ခဲ့တဲ့ ရည်းစားနဲ့သာ သွားကပ်နေ ! ကျွန်တော်နား လုံးဝလာမကပ်နဲ့။ ပြီးတော့ ဒီညကစ ခင်ဗျားအခန်းပြင်ထွက်အိပ်တော့ "

တုံ့ပြန်စကားသံ ပြန်မကြားရ။ မဟုတ်မှ အဘိုးကြီး သူ့အဆက်ဟောင်းကို သတိရတမ်းတနေပြန်တာများလား။ ယောကျာ်းတစ်ယောက်လုံးနှင့် အရွယ်ရောက်သမီးတစ်ယောက်ရှိနေပြီးသည့်အထိ သတိရနေဆဲ ထိုအဆက်ဟောင်းမှာ လူ​ကြီး ၏အချစ်ဦးများလား။

" ကလေးငယ် "

တိတ်ဆိတ်သွားနေသော ကလေးငယ်အား သတိဝင်စေရန် ခေါ်လိုက်သည်။ လူကြီးမေ့မရနိုင်သော ထိုသူကို မနာလိုမိသည်။ ရှေ့၌ရည်းစားရှိခဲ့သည်ကို သိနားလည်ပေးနိုင်သော်လည်း သတိရနေဆဲလူကြီးကြောင့် သဝန်တိုမှုလေးမူ ဖြစ်လာမိ သည်။

" ချောလား "

" ဟင် ! "

ရုတ်တရက်ဆန်​သော အမေးစကားကို ချက်ချင်းမတုံ့ပြန်နိုင်ခဲ့။

" အဲတစ်ယောက်က ချောလား "

" အင်း။ ချောတာထက် ချစ်ဖို့ ပိုကောင်းတယ်ဆိုမှ မှန်မှာ။ ကိုယ့်စမြင်မြင်ချင်းတည်းကကို သူရဲ့မျက်လုံးဝိုင်းလေးတွေကို သတိထားသဘောကျမိသွားတာ "

မျက်နှာမှာပြုံးရွှင်လျက် အချစ်ဦးအကြောင်းပြောနေသူအား စွယ်သော်လင်း ကြည့်မရတော့။ မနာလိုမိ၏။ သဝန်တိုမိ၏။ ပြီးလျှင် လူကြီးမျက်နှာအား စိတ်ရှိလက်ရှိဖြတ်ရိုက်ချင်စိတ်လည်း ဖြစ်မိသည်။

" သတိရနေတယ်ပေါ့လေ "

" ရတာပေါ့ "

စိတ်တိုနေသော ကလေးငယ်ကို ဒေါင်းမာန်အ သည်းတယားယားဖြစ်မိသည်။ လက်သီးအား တင်းတင်းစုတ်ထားလျက် နှုတ်ခမ်းဆူဆူနှင့်
ဒေါသအိုးလေးမှာ မကြာခင် ပေါက်ကွဲထွက်လာတော့မယ် ချိန်ကိုက်ဗုံးတစ်လုံးအလား။

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now