အပိုင်း ၄၅

2.8K 101 1
                                    

(unicode)

ဒေါင်းမာန်မျက်လုံးတို့ကိုဖွင့်လိုက်လျှင် ပထမဆုံးမြင်လိုက်ရသည်က ကလေးငယ်၏ချစ်စဖွယ်မျက်နှာလေးတော့ မဟုတ်ခဲ့။ နီရဲရဲခြေချောင်းကလေးများပင်။ မျက်နှာဘေးရှိ ခေါင်းအုန်းထက်ရှိနေသော ခြေချောင်းသေးသေးလေးတို့မှာ လည်း ချစ်စဖွယ်အတိ။

မတူကွဲစွာသော မနက်ခင်းမြင်ကွင်းကြောင့် ဒေါင်းမာန်စိတ်ရွှင်ပြစွာဖြင့် ထထိုင်လိုက်၏။ ပြီးလျှင် ဇောင်းထိုးအိပ်နေသူကို အတည့်နေရာပြန်ချပေးပြီး ရင်ခွင်ထဲ ပွေ့ပိုက်ထားလိုက်ပြီး နဖူးပြင်သေးသေးလေးအား အနမ်းချွေလိုက်သည်။ ထို့နောက် ပါးပြင်နုနု၊ နှာတံသေးသွယ်သွယ်မှစ၍ မျက်နှာအနှံ့ကို နေရာမလပ်အောင် နမ်းရှိုက်မိပြန် သည်။

အနည်းငယ်ဟနေသော နှုတ်ခမ်းနီရဲရဲလေးထက်တွင် အဆုံးသတ်လိုက်ပြီး ကလေးငယ်မျက်နှာကိုသေချာကြည့်ဖြစ်၏။

ရုတ်တရက် ခွလာသော ကလေးငယ်၏ခြေ ထောက်လေးဆီအသာငုံ့ကြည်လိုက်လျှင် ဒေါင်းမာန်၏အဓိကနေရာအား ထိနေသောခြေကျင်းဝတ်။ အငြိမ်မနေဘဲ ၂ ခါ ၃ ခါမကတွန်းပွတ်နေ ၍ ဒေါင်းမာန်လည်ပင်းကြောများပင် ထောင်သည့်အထိ သည်းခံမှုပြုရ၏။

ပါးပြင်းထက်နမ်းရှိုက်နေသော လူကြီး၏အထိတွေ့ကိုခံစားသိပြီးလျှင် အနည်းငယ် ထပ်အိပ်လိုက်သည်။ လူကြီးကို အလိုလိုက်လျောမိ၍ နံနက် ၄ နာရီကျော်မှ အိပ်ခဲ့ရပေသည်။

အိပ်နေသူကတော့ မသိ။ ဒေါင်းမာန်မှာမူ သည်းခံစိတ်ဖြင့် နှလုံးသွင်းမှုပြုနေရသည်။ ကုတင်ထက်မှ ထသွား၍လည်း မရ။ ကလေးငယ်မှာ လက် မောင်းတစ်ဖက်ကို ဖက်တွယ်ထား၍ ဒေါင်းမာန်အဖို့ ထမရ ပြုမရဖြစ်ရ၏။ ကလေးငယ်နိုးသွားမည်ကိုလည်း စိုးရိမ်မိပြန်သည်။ မိုးလင်းခါနီးမှ အိပ်ထားရသောကလေးငယ်အား အိပ်ရေးဝစေချင်၏။

...📱..(ဖုန်းသံ)📱...

တိတ်ဆိတ်နေသောအခန်းတွင် ထမြည်လာသောဖုန်းသံကြောင့် ကလေးငယ်အား အနှောက်အ ယှက်မဖြစ်စေရန် ဘေးစားပွဲထက်သို့မြန်မြန်လက်လှမ်းလိုက်သည်။

" ခွမ်း ! ! "

စားပွဲထက်မှကျ၍ ကွဲကြေသွားသော ပုလင်းတစ်ခု။ တစ်ခါမှမမြင်ဘူးသော ပုလင်းပုံစံသစ်မို့ ကလေးငယ်အသစ်ဝယ်ထားသော ရေမွှေးပုလင်းဖြစ်ဟန်တူပေ၏။

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now