အပိုင်း ၆၆

2.7K 77 1
                                    

(unicode)

ပူပြင်းလှသော နွေရာသီအခါဖြစ်၍ သမီးငယ်အားချွေးတို့ဖြင့် ဖျားသွားမည်ကို စိတ်ပူမိသည်။ ချည်အင်္ကျီပါးပါးဂါဝန်မိုးပြာရောင်နှင့် ယသော်ငယ်ငယ်မှာလည်း ကလေးသဘာဝအတိုင်း အငြိမ်မနေ။

" ပူလိုက်တာ "

သမီးဖြစ်သူကိုလှမ်းကြည့်လျက် နှုတ်မှလည်း " ပူလိုက်တာ " ဟုအခါခါ ရေရွတ်နေမိပေသည်။

" ကောင်းလိုက်တာ ဟူး..."

လေတစ်ချက်ဝေ့လိုက်ချိန်ရရှိလိုက်သော အေးမြမှုတို့မှာ ဘယ်အရာနှင့်မှ အစားထိုးနိုင်ဖွယ်မရှိ။

" ကလေးငယ်ကိုယ်က မွှေးနေရော ရွှတ် "

အပင်ကြီးအောက်ဖျားလေးခင်းပြီး ထိုင်နေသည်ကို အနောက်မှသိုင်းဖက်လျက်ပါးလေးအား နမ်းရှိုက်လာပေသည်။

" အစောကြီးပါလား "

" အင်း။ ကိုယ်ကအလုပ်သမားမှမဟုတ်တာ ပြန်ချင်တဲ့အချိန် ပြန်မှာပေါ့ "

" လူကြီးကြည့်ပါအုန်း။ သမီးက ထွားလာလိုက်တာ "

သစ်ပင်အရိပ်​အောက် သင်ဖြူးဖျာလေးထက် ကစားနေသော ယသော်ငယ်ငယ်။ သော်လင်းတို့ရှိနေသောနေရာသည် ခြံဝန်းအနောက်ဘက်ရှိ
ဥယျာဥ်ခြံငယ်ထဲပင်။ ခြံဝင်းကျယ်ကြီးဖြစ်၍ ရေကူးကန်၊ သီးသန့်တိုက်ပုလေးအချို့အပြင် အပင်ကြီးတို့ဖြင့် အုပ်ဆိုင်းနေပြီး ခြံအနောက်ဘက်တွင် စမ်းချောင်းငယ်တစ်ခုပင်ရှိပေသည်။

စမ်းချောင်းလေးထက်မှ ဖြတ်တိုက်လာသော လေနု၊ လေအေးအေးလေး။ ထို့ကြောင့် နေ့ခင်းနေလယ် သော်လင်းတို့သားအဖ ခြံအနောက်ရှိဘက်စမ်းချောင်းငယ်နှင့် ခမ်းလှမ်းလှမ်းတွင်
လာရောက်အနားယူ လေညှင်းခံထွက်ဖြစ်သည်။

" သမီးရေ...လာအိပ်တော့ "

" ဖေ့ ဘူးပု "

" မီးမီးမအိပ်ရင် daddyနဲ့ ဖေဖေအိပ်တော့မယ်။ မီးမီးက တစ်ယောက်တည်းပဲ ကစားနေတော့ "

" အင့်အင့် ဒီဒီအိပ် "

သူ့daddyနဲ့ကိုင်ပြောတာနဲ့ ယယော်ငယ်ငယ်တစ်ယောက် စွယ်သော်လင်းထိုင်နေသော ဖျာဘက်သို့ လေးဘက်ကုန်းထပြီးသည်နှင့် ဟိုယိုင်သည်ယိုင်ပြုလျက် လျှောက်လာလေသည်။ ဖျားထက် ၌သမီးဖြစ်သူကို Hello Kitty အရုပ်ခေါင်းအုံးလေးဖြင့် အိပ်စေလိုက်သည်။ သော်လင်းမှာမူ လူကြီးလက်မောင်းလေးထက်၌ အိပ်လိုက်သည်။

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now