အပိုင်း ၃

6.1K 341 2
                                    

(unicode)

ညနှစ်ချက်တီးပြီးသော်လည်း ဒေါင်းမာန် အိပ်မပျော်နိုင်သေး။ နေ့လယ်နေခင်းက ကလေးလေး ၏အားရပါးရစား​သောက်နေသော မြင်ကွင်းတို့ကို ရုပ်ရှင်ပြကွက်သဖွယ့် မျက်လုံးထဲမြင်ယောင်မိနေသည်။ ပါးများဖောင်းသည်အထိ စိတ်ရှိလက်ရှိစားတတ်သော အမူအယာသည်လည်း
ဆွဲဆောင်မှုတစ်မျိုးပင်လား။ အသက် ၂၉ နှစ်
မပြည့်မှီ ရည်းစားတစ်ယောက်လောက်ထားသင့်ပြီးဟု တွေးမိသည်။ ရွာမှာ ရွာသူ၊ ရွာသားတို့ သည် အသက် ၁၇ ၊ ၁၈ အရွယ်ဆို ကလေးပင်ရနေကြပြီး။

" တော်ပြီး။ ဆက်မတွေးနဲ့တော့ ဒေါင်းမာန်၊ ဟူး... "

ဒေါင်းမာန်တစ်ယောက်တည်း ကိုယ့်ဘာသာကိုယ် သတိပြန်ပေးနေမိပြီး ညတာရှည်ကြာမှုကို လစ်လျူရှုလျက် ကြိုးစားအိပ်ရတော့သည်။

..............

" မေကြီး သော်လင်းကိုတွေ့မိလား "

" ရွာထဲသွားပြီးလေ "

" အော်... "

စွယ်သော်လင်းတစ်ယောက် ရွာအနှံ့ခြေဆန့်ဖြစ် သည်။ ရွာသူရွာသားတို့သည် ပွင့်လင်းပြီး စိတ် ထားကောင်းကြပေသည်ဟု သော်လင်းမြင် သည်။

မေကြီးကလည်း တစ်ခုပဲ မှာလိုက်သည်။ ထန်းတောဘက်မှလွဲ အကုန်စိတ်ကြိုက်သွားလို့ရတယ်တဲ့လေ။

" ကိုကြီးသော်လင်း ငါးသွားဖမ်းရအောင် "

" သွားစို့ ဖုတ်လူး "

"ဖုတ်လူး" ဟုခေါ်တဲ့ ယဥ်ယဥ်တူနှင့် သော်လင်းတို့နှစ်ယောက် ငါးဖမ်းရန်လယ်တောများရှိသော ရွာအရှေ့ပိုင်းသို့ ချီတတ်လာခဲ့သည်။ လမ်း၌တွေ့သော ဖုတ်လူး၏သူငယ်ချင်းများကိုလည်း တစ်ယောက်စ၊ နှစ်​ယောက်စဖြင့် ခေါ်ခဲ့လိုက်ရာ ခုဆိုလျှင် သော်လင်းအပါအဝင် ကလေးအုပ်စုသည် ၈ ယောက်တိတိရှိခဲ့ပြီး။

" ကိုကြီးသော်လင်း၊ ရှေ့ကလယ်မှာ ဖမ်းရအောင် "

" အေး "

ကလေးများသည် ရွှံ့ဗွက်အလိမ်းလိမ်းတို့ လူးမ တတ်ဖြင့် ဟိုနှိုက်၊ ဒီနှိုက်ပြုနေကြသည်။ သော်လင်းလည်း အားကျမခံ ဒူးအထက် ဂျင်းပျော့ဘောင်းဘီအနီလေးကို အပေါ်ထပ်ဆွဲတင်လိုက်ပြီး ဖိနပ်ကိုချွတ်၍ လယ်ကွင်းထဲ ဆင်းလိုက်သည်။

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now