အပိုင်း ၄၂

2.5K 99 0
                                    

(unicode)

စွယ်သော်လင်း အကြံအစည်တချို့ကို အကောင်ထည်ဖော်ရန်အတွက် လူကြီးမပြန်လာရသေးခင် ရေချိုးသန့်စင်ထားလိုက်ပြီး လူထင်ထံမှရလာခဲ့သော ညို့ဓာတ်ပြင်းရေမွှေးကို အိတ်ထဲမှ ထုတ် ယူလိုက်၏။

၂ စက်လောက်ပဲသုံးရန် မှာလိုက်သော်လည်း ပိုပိုလိုလိုဖြစ်အောင် ၅ စက်ကျော်ကျော် သုံးလိုက်သည်။ ပြီးလျှင် ဘောင်းဘီတိုအဝါနုလေးနှင့် အဖြူရောင်အသားပျော့အင်္ကျီတို့ကို ဝတ်ထားလိုက်ပြီး လူကြီးအလာကို အိပ်ခန်းထဲဝယ်စောင့်နေလိုက်သည်။

ဒေါင်းမာန်အလုပ်မှ အိမ်ပြန်ရောက်လာပြီးသော် လည်း ထွက်ကြိုနေကျ ကလေးငယ်ကို မ​တွေ့ရ။ ဘာလို့များပါလိမ့်။ ပုံမှန်ထွက်ကြိုနေကျ ကလေးငယ်ကို မတွေ့ရသေး၍ အိမ်ထဲဝင်ခဲ့လိုက်သည်။ ပြီးလျှင် အိပ်ခန်းသို့ ဆက်တတ်လာခဲ့လိုက်၏။ အခန်းတံခါးကိုဖွင့်လိုက်လျှင် မွေ့ယာထက်တွင် အိပ်ပျော်နေသောကလေးငယ်ကို ပေါင်တံအဖွေးသားပေါ်နေသော ဘောင်းဘီတိုဖြင့် တွေ့လိုက်ရသည်။

ဖြူဖွေးဖွေးခြေတစ်လုံး၊ ထိုမှ ပေါင်တံစင်းစင်းတို့ကို အခါခါငေးကြည့်နေမိသည်။ ဒေါင်းမာန်ရင်ထဲရှိနှလုံးခုန်နှုန်းတို့ကို တစ်ကြိမ်နှင့် တစ်ကြိမ်တူညီမှုကင်းမဲ့​လေအောင် ထိုခြေထောက်တိုတိုလေးတို့က ပြုစားနေပေသည်။ ခြေချောင်းလေးတို့ထံ အကြည့်ပို့လိုက်လျှင် နီရဲရဲ။

ဒေါင်းမာန်စိတ်အစဥ်ကို နာရီဝက်မကကြိုးစားပြီးမှ ထိန်းနိုင်ခဲ့သည်။ ကလေးငယ်ကို မနာကျင်စေချင်၍ လိုချင်စိတ်တို့ကို တားဆီးမှုပြုခဲ့သည်မှာ အကြိမ်ကြိမ်။ ယနေ့မှာမူ ခံစားချက်တို့သည် အရင်နေ့များထက် ပိုမိုတောင်တနေမိသလို့ပင်။ သို့သော်လည်း ကလေးငယ်အမေပြောထားသော စကားတို့ကိုပြန်ကြားလာလေ၍ မထိရက်လေပြန်။

လွန်ခဲ့သော တစ်လခန့်က...

" အန်တီ ကျွန်တော်ကလေးငယ်ကို သေချာစောင့်ရှောက်ပါမယ်။ ပျော်နိုင်အောင်လည်း အမြဲထားပါမယ် "

" မင်း ငါ့သားအကြောင်းအကုန်သိပြီး ထင်နေတာလား "

"........"

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now