အပိုင်း ၂

8.1K 408 1
                                    

(unicode)

ရွာ၌ ရောက်နေသည်မှာ ၄ ညနှင့် ၅ ရက်ရှိလေပြီး။ တစ်ရက်တလေ အလည်သဘောမျိုးမဟုတ် ၍ မေကြီးကို အားနာစိတ်ဖြစ်ရသည်။ သို့သော် မနေ့ညထမင်းဝိုင်းတွင် ပွင့်လင်းစွာပြောလာသော မေကြီးအပြောတို့ကြောင့် အားနာစိတ်တို့မရှိတော့ဘဲ စိတ်ပေါ့ပါးသွားရလေ၏။

မနေ့ညထမင်းဝိုင်းတွင်...

" ထည့်စားလေ သား "

" ဟုတ်ကဲ့ မေကြီး၊ ရက်ရှည်နေတော့ အားနာမိ "

" မလိုဘူးကွယ်။ သားစားတာ နည်းနည်းလေးကွယ်။ ထမင်းပိုလို့ ကျွေးနေကျခွေးစားလောက်တောင် မရှိဘူး။ အားနာမနေနဲ့ သား၊ ကြိုက်သလောက်နေ၊ ဘာမှအားနာစရာမလိုဘူး။ မေကြီးချက်ကျွေးတာ စားနိုင်ဖို့ပဲလိုတယ် "

" ဟီးဟီး ဟုတ်မေကြီး "

မေကြီး၏အပြောကိုပြန်တွေးမိပြီး အသံထွက်သည်အထိ ရယ်(ရီ)မိ၏။​​ မေကြီး၏ပွင့်လင်းသောအပြောကို စိတ်မခုမိ။ ထမင်းစားချ်ိန်တိုင်း ထမင်းဝိုင်းအပုလေးနှင့် လူစုံထမင်းစားရသည်ကို သော်လင်းသဘောကျ၏။ ပြီးလျှင် "သူကြီးတူ"ဆိုတဲ့ ကိုကြီးဒေါင်းမာန်ကိုလည်း နည်းနည်းစိတ်ဝင်စားမိ၏။

" သော်လင်းရေ "

" ဘာလဲ "

" အမယ်လေးတော် အသံကလည်း မာလိုက်တာ၊ နိုးရင် ထတော့၊ ရွာမြောက်ပိုင်းသွားမလို့၊ နင့်ပဲ ကြာကန်တွေ့ချင်တယ်ဆို "

" ကြာကန်လား၊ သွားမယ် သွားမယ် ယဥ်ယဥ် "

မျက်နှာသစ်၊ မနက်စားစာပြီးလျှင် ကြာကန်ဘက်သွားရန် သော်လင်းအသင့်ဖြစ်နေပြီး။

" ကောင်းကောင်းသွားကြအုန်း၊ ရေထဲမဆင်းကြနဲ့၊ ကြားလား ယဥ်ယဥ် "

" ကြားတယ် မေကြီး၊ သွားမယ် သော်လင်း "

ခြံဝိုင်းထဲမှထွက်ပြီး ရွာလမ်းတစ်လျှောက် လမ်း လျှောက်သွားကြသည်။ ယဥ်ယဥ်သည် ရွာအ ကြောင်းကို အနည်းကျဥ်းပြောပြနေသည်။ ပြောပြနေသည်ထက် ပြောချင်ရာပြောနေဆိုလျှင် ပိုမှန်သည်။

" ငါတို့ ရွာမှာ အရှေ့ အနောက် တောင် မြောက် အပိုင်းခွဲပြီးခေါ်ကြတယ်။ သိပ်လည်းမကြီးဘဲလေ၊ ဘာလို့ အပိုင်းခွဲခေါ်ရတာလဲဆိုကို ငါနားမလည်နိုင်ဘူး နင်ရော "

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now