အပိုင်း ၄၁

2.6K 94 0
                                    

(unicode)

လူထင်ကျော် စိတ်ပူနေမိသည်။ "လမ်းခွဲခြင်း" သွားပြုနေသူသည် အဆင်ပြေပြေမှ လမ်းခွဲနိုင်ခဲ့ပါမလား။ ကောင်မလေးဘက်မှ ကပ်တွယ်လာလျှင် ဇန်တစ်ယောက် တွေဝေသွားလေ မလား။ ထိုအတွေးများတို့ဖြင့် လူထင်ကျော် ရင်တစ်ခုလုံး ပူလောင်နေပေသည်။ ထိုင်ပြီး ဇန်ပြန်အလာကိုပင် အေးဆေးမစောင့်နိုင်။ ဖင်တစ်ကြွကြွဖြင့်
ခြံတံခါးဘက် ငေးကြည်လိုက်၏။ ထိုမှ ထပ်မံချောင်းကြည်မိသည်။ လက်ပတ်နာရီကို ကြည့်လိုက်လျှင် တစ်မိနစ်တိုးဖို့အရေး အတန်ကြာနေ ၏။ လက်ပတ်နာရီကြည့်လျက် အချိန်မြန်မြန်ကုန်ဆုံးလာရန် ဆုတောင်းနေမိသည်။

" ဟင်း..."

အသက်ကိုပြင်းပြင်းရှူထုတ်လိုက်သည်။

" ဟာ..."

ပြန်ရှူသွင်း မိပြန်သည်။ အခါခါရှူမှုပြုလျက် သည်းခံစောင့်ဆိုင်းနေချိန်တွင် မျက်စိထဲပေါ်လာသော ကတ္တီပါဖိနပ်နက်ပြာရောင်လေးနှင့် ခြေ ချောင်းဖြူဖြူကြောင့် ပျော်ရွှင်သွားရ၏။

" ဇန် "

"......"

" ပါးက ဘာဖြစ်တာလဲ၊ လက်ဖယ်လိုက် ဇန် "

မြင်လိုက်ရသည်က နီရဲနေသော ပါးပြင်။ အမြတ် တနိုးနမ်းရှိုက်ချင်မိသော ပါးပြင်နုနု​လေးထက်တွင် လက်ဝါးရာတစ်ခုက အထင်းသား။

" မင်းကောင်မလေးလား၊ ဘာလို့လဲကွာ "

" အကြောင်းက ရှင်းနေတာပဲလေ လူထင် "

" ငါကြောင့် ငါကြောင့် မင်း "

ဝမ်းနည်းနေသော လူထင်ကျော်ကို ပြန်ချော့ရလေတော့သည်။ အရိုက်ခံရသူဖြစ်သော်လည်း ပါးအားတဖွဖွကိုင်လျက် မျက်ရည်လေးစမ်းစမ်းဖြင့်ရှိနေသောလူထင်ကို ပြန်နှစ်သိမ့်ရလေ၏။

စွယ်သော်လင်း ပျင်းရိနေသည်။ အိမ်ကြီးတစ်ခုလုံးရှိ အလုပ်သမားများသည် သူတို့အလုပ်သူတို့ဆောင်ရွက်နေကြ၍ အားနေသူမှာ တစ်ယောက် တည်း။ ယနေ့အိမ်၌ လူကြီးနှင့် ဦးလေးကြီးနှစ်ယောက်လုံး မရှိ။ လူကြီးသည် အလုပ်ကိစ္စကြောင့် သော်လင်းအား အဖော်မပြုပေးနိုင်။

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now