အပိုင်း ၆၄

2.6K 87 0
                                    

(unicode)

စွယ်သော်လင်းအခန်းတံခါးဆီ မကြာမကြာလှမ်းကြည့်နေမိသည်။ လူကြီးသည် အခန်းထဲဝင်လာမအိပ်သေး။ သမီးလေးမှာ ကျန်းမာ​ရေးချူချာလှ၍ အတော်ကို ဂရုစိုက်နေရပေသည်။ သမီးလေးကိုမွေးဖွားပြီး ပြသာနာလေးအချို့ပေါ်ခဲ့သည်။ လူကြီးနှင့် အခြားသူတစ်​ယောက်၏မွေ့ယာထက်မှ ဓာတ်ပုံတို့သည် သော်လင်းအား သွေးဆူစေခဲ့သည်။

စိတ်ဆိုး၍ ပြောဆိုသောင်းကျန်းခဲ့သော်လည်း ပြန်ချော့လိုက်လျှင် အဆင်ပြန်ပြေနိုင်မည်ကို လူကြီးတစ်ယောက် တုံးအစွာဖြင့် လာမချော့ခဲ့။ သို့သော် သမီးလေးနှင့် ကျန်ကိစ္စအဝဝတို့ကိုမူ အခြားသူမခိုင်းဘဲ မညီးမညူးဆောင်ရွက်ပေးတတ်သေး၏။ ချော့သူမရှိဘဲ ဘယ်လို့လုပ်၍ စိတ်ကောက်ပြေရမလဲဟု သော်လင်းတွေးမိလေ တိုင်း ထိုလူအိုကြီးအား ဒေါသထွက်မိပြန်သည်။

" အခုလည်း အခန်းထဲ လာမအိပ်သေးဘဲ ဘာလုပ်နေပြန်တာလဲ။ ဟူး...သွားရှာရအုန်းမယ် "

အိပ်ပျော်နေသောသမီးလေးကို အသာပွေ့ပိုက်လျက် ဘေးရှိ ကုတင်အပိုလေးထက်သို့ နေရာပြောင်းလိုက်သည်။ မျက်ဆန်ပြာပြာလေးနှင့် သမီးလေးမှာ ပါးတွဲတွဲအိအိလေးနှင့် ချစ်စရာကောင်းသည်ထက်ကို ပို၏။ လူကြီးနှင့်လည်း အနည်းငယ် ပိုတူလာပေသည်။ ပါးအိအိလေးကို အသာနမ်းရှိုက်လိုက်ပြီး လူကြီးအား အရှာထွက်ရန် အခန်းအပြင်ဘက်ထွက်လာလိုက်သည်။

ဆိုဖာထက် အိပ်နေသူကိုကြည့်လျက်  စိတ်ထဲမတင်မကျဖြစ်ရပြန်သည်။ ဆိုဖာအနားကပ်သွားလိုက်ပြီး ကြမ်းပြင်၌ထိုင်ချလျက် အိပ်​နေသူ၏
မျက်နှာအစိတ်အပိုင်းတို့ကို သေချာကြည့်ဖြစ် ၏။ နှုတ်ခမ်းမွေးငုတ်တိထွက်နေသော နှုတ်ခမ်း၊ ညဘက်ကလေးနို့ဗူးထတိုက်ပေးရ၍ အိပ်ရေး ပျက်လျက် ညိုနေသော မျက်လုံးအိမ်၊ အလုပ်မသွားဖြစ်၍ မဖြီးသိမ်းထားသော ဆံပင်ပွပွတို့ဖြင့်လည်း ထိုလူအိုကြီးသည် ခန့်ညားနေဆဲပင်။

" လူကြီး "

နားရွက်နား နှုတ်ခမ်းတေ့လျက် လေတိုးသံဖြင့်တိုးတိုးခေါ်လိုက်ပြီး ထိုမှ အိပ်မောကျနေသော လူကြီးနှုတ်ခမ်းထက်သို့ နှုတ်ခမ်းလေးကိုအသာဖိကပ်လိုက်သည်။ စူးရှရှအထိတွေနှင့်အတူ ရင်တဒိတ်ဒိတ်ခုန်မြန်လာပေသည်။ ကိုယ့်ယောက်ျားအား ပြန်ခိုးနမ်းမိသည်မှာ ရယ်စရာကောင်း၏။ ပျော်စရာလည်း ကောင်း၏။

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now