အပိုင်း ၉

4.2K 217 3
                                    

(unicode)

ဇန်ငြိမ်းချမ်းကိုနှင့် စွယ်သော်လင်းတို့နှစ်ယောက်သည် ဘီယာသောက်နေကြ၏။ အတိအကျဆိုရလျှင် ဇန်ငြိမ်းချမ်းကို ဘီယာသောက်နေသည်ကို စွယ်သော်လင်းက အ​မြည်းစားလျက် အဖော်ပြုပေးနေခြင်းပင်။

" တော်တော့ ငြိမ်းချမ်း၊ မင်းများနေပြီး "

" မင်းလည်းသောက် အာ...မသောက်နဲ့ မသောက်နဲ့။ ငါမေ့သွားတယ်၊ မင်းကအရက်နဲ့မရဘူး "

" အေးပါ။ မင်းပဲသောက်၊ ငါက ပြန်ပို့ပေးမယ် OK "

" OK "

လက်မနှင့်လက်ညိုးကိုဝိုင်းပြီး OK ပြန်ဆိုလာသော သူငယ်ချင်းဖြစ်သူ့ကို စွယ်သော်လင်းကြည်ပြီး ခေါင်းယမ်းလိုက်မိသည်။ သနားစရာလေးပင်။ အသည်းကွဲနေချင်းတူသော ဘဝတူသူငယ်ချင်းလေးဖြစ်၍ စာနာမိပေသည်။

" ငါစိတ်ညစ်တယ်၊ လူထင်က ရည်းစားအသစ်ရသွားပြန်ပြီး ဟင့် အဟမ်း မငိုဘူး ငါမငိုချင်ဘူး ဂလု..."

" အင်း "

နှစ်သိမ့်ပေးစရာစကားတို့ မရှိဖြစ်ရ၏။ ငြိမ်း ချမ်းသည် လူထင်ကျော်ကို သဘောကျသော် လည်း ဟိုဘက်က သိပုံမရ။ မဟုတ်မှ မသိယောင်ဆောင်နေတာလားဆိုသည်ကိုတော့ ကာယကံရှင်ကိုယ်တိုင်ပဲ သိပေမည်။ လူထင်ကျော်၊ ဇန်ငြိမ်းချမ်းကိုနှင့် စွယ်သော်လင်းတို့သည် တက္ကသိုလ်နောက်ဆုံးနှစ်မှ ခင်ခဲ့ကြသော်လည်း ခုထိတိုင်ရင်းနှီးနေဆဲ သူငယ်ချင်းများပင်။

" ဂလု သော်လင်း အေ့ "

" ဘာပြောဖို့လဲ ပြော "

" အချစ်ကမကောင်းဘူး ဟီးဟီး ဟီး "

" ဘာဖြစ်ရယ်(ရီ) ဟားဟားဟားဟား..."

မူးလာချိန်တိုင်းချစ်စရာကောင်းလာသော သူငယ် ချင်းဖြစ်သူကိုကြည်လျက် လိုက်ရီ(ရယ်)မိသည်။

" ငိုနေတာကွ၊ အချစ်က ဂလု...မကောင်းဘူးနော် "

" အချစ်ကမကောင်းတာ မဟုတ်ဘူး၊ ငါတို့ကိုက ကံမကောင်းတာ "

" ဟုတ်တယ် ဟုတ်တယ်၊ မင်းလည်း မင်းလူကိုမေ့လိုက်တော့၊ ငါလည်း မေ့လိုက်တော့မယ် "

" အင်း..."

ဟုတ်ပါသည်။ မေ့လိုက်သင့်ပြီးဖြစ်သော်လည်း မမေ့နိုင်သေး။ ၃ နှစ်ကျော်ကြာသွားတိုင် သတိရမိနေဆဲ။ အဲဒီနေ့မှစ၍ သတင်းမကြား၊ လူမတွေ့ရတော့သောလူကြီးသည် သော်လင်း၏စိတ်အ
စဥ်ထဲတွင် ယနေ့တိုင်နေရာယူနေဆဲ။ တစ်ခါတ လေ သတိရမိသည်။ တမ်းတမိသည်။ တစ်ခါတ လေတော့လည်း မုန်းလိုက်ချင်သည်။ မေ့လိုက်ချင်မိသည်။

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now