အပိုင်း ၁

60.5K 2.1K 179
                                    

(Warning ပါတာ မကြိုက်သူများအတွက် Book version တင်ပေးထားပါတယ်ရှင့်။ Book version မှာတော့ ဒီက ပါတဲ့အခန်းတစ်ချို့မပါဘဲ အခန်းအသစ်လေးတစ်ချို့ပါပါတယ်)

မှတ်ချက် _ အပိုင်း(၁)ပဲ ဖတ်ပြီး လှည့်မပြန်ပါနဲ့😬

______________________

"မင်းလုပ်တာမလား..ဒီကိစ္စမင်းကြောင့်
မလား"

သိမ်းငှက်တစ်ကောင်ကို စူးရှသည့်
အကြည့် ၊ မျက်ဝန်းတို့က နီနီရဲရဲ ။
ထိုအကြည့်တွေကို ဖန်တီးထားသူက
Park Jimin..။ တစ်စုံတစ်ယောက်၏
အင်္ကျီရင်ဘတ်စကို ဒေါသတကြီး
ဆွဲကိုင်ကာ ဒေါသမီးလွှမ်းမိုးနေသော
Park Jiminကသိပ်ကိုဒေါသထွက်နေမှန်းသိသာလွန်းသည် ။

သူမှားခဲ့တယ်..ဒါပေမယ့်
သူမှားခဲ့တာကိုပဲ Park Jimin က
မသိတာ ခက်တော့ခက်ချေပြီ ။
ဘယ်လို ဥာဏ်နီဥာဏ်နက်မျိုး
ထုတ်သုံးရမလဲဆိုသည့် အတွေးက
သာ ခေါင်းထဲတဝဲလည်လည် ။
ဝန်ခံလိုက်ရင်ရော...။ ဝန်ခံလိုက်ရင်ရောဆိုတဲ့အတွေးရဲ့ အဆုံးသတ်မှာ မာနက မားမားမတ်မတ်မို့ မည်သို့မှ ရှေ့မဆက်နိုင်ခဲ့။

"ဟုတ်တယ် ငါလုပ်တာ"

ခပ်ပြင်းပြင်း ထိုးချက်သည် သူပါးပေါ်ဆိုက်ဆိုက်မြိုက်မြိုက် ကျရောက်လာတာသိပေမယ့် မရှောင်မိ။

Jeon Jungkook အပေါင်းအဖော်တွေကတော့ဝိုးခနဲ..ဝါးခနဲ ။JK ဆိုတဲ့နာမည်တစ်လုံးနဲ့ ကျော်ကြားလာသူပါ လူဆိုးလူမိုက်လောကမှာပေါ့ ။ Jk မတတ်တာ
ဘာရှိမှာလဲ..Jk ကအကုန်ကျွမ်းကျင်ပြီးသား တိုက်ကွမ်ဒို ခါးပတ်နက် ၊ လက်ဝှေ့ထိုးတယ် ၊ ရန်ဖြစ်လာတဲ့ပွဲတိုင်းလည်း နည်းခဲ့တာမဟုတ် JK ဆိုတဲ့ နာမည်နဲ့ပွဲတိုင်းအနိုင်ပိုင်းခဲ့တာချည်းပဲ ။

JK က သူ့အသားကတစ်ချက် လာထိရင်သိပ်ဒေါသထွက်တတ်တာ ပြီးရင် အဲ့လူကလည်း Jkလက်ထဲအမှုန့်ကြေသွားမှာ ။ဒါပေမယ့် JM ဆိုတဲ့ လူဆိုးကောင်လေးထိုးတာကို ငြိမ်ခံလိုက်တာမို့ အံ့သြ သွားသူတွေက ပါးစပ်အဟောင်းသား ။

ပုံမှန်အချိန်မှာသာဆို Park Jiminတစ်ယောက်မျက်နှာကိုဝံ့ပြီး ဂုဏ်ယူနေလောက်မှာ။ သို့ပေမယ့် အခုအခြေအနေမှာတော့ အထိနာမှု့များစွာက ဂျီမင်ထံစုပြုံနေသည်မို့ ပြိုလဲတော့မယ့်စဲစဲ။

ᗰᗩGᑎET (Completed)Where stories live. Discover now