အပိုင်း (၅၁) ဇာတ်သိမ်းပိုင်း

21.6K 1.2K 146
                                    

၂နှစ်နီးပါးကြာပြီးနောက်..

မှန်ကာထားသည့် ကော်ဖီဆိုင်၏
နံရံအတွင်းမှ အပြင်ဘက်ကိုငေးရင်း
ဂျီမင်မျက်နှာလေး မရွှင်မလန်း
ဖြစ်နေ၏ ။

"လွမ်းနေတာလား"

"အင်းးး"

ဟိုဆော့အမေးကို သက်ပြင်းလေး
ချရင်း သံရှည်လေးဆွဲကာ ဖြေလိုက်သည် ။
ဂျီမင်လက်ထဲက အကောင်ပေါက်လေးကလည်း ဟိုဆော့အား ပြူးပြူးလေး
ကြည့်နေပြီး ဝူးဝါးဝူးဝါး ပြောနေ၏ ။

"အသေးလေးက ဘာတွေပြော
နေလဲကွ "

ဟိုဆော့ ပြန်မေးလိုက်တော့
အကောင်ပေါက်လေးက တခစ်ခစ်
ရယ်၏ ။ စားပွဲပေါ်မှာလည်း
အကောင်ပေါက်လေးနောက်တစ်ကောင်က ထိုင်ကာ မှန်ပြတင်းပေါက်ကို
လက်ဖြင့်ထိကာ အံ့ဩနေပုံရသည် ။
အကောင်ပေါက်လေးက
ရယ်နေပေမယ့် မိုးပြိုတော့မတတ်
ငိုမဲ့မဲ့လေးဖြစ်နေသည့် ဂျီမင်အား
ဟိုဆော့က ကျောလေးကိုဖွဖွလေး
ပုတ်ပေးရင် ပြောလိုက်သည် ။

"တစ်ခုခုသောက်မလား ။ စိတ်ပြေလက်ပျောက်ပေါ့"

"မသောက်တော့ပါဘူး"

ဂျောင်ဂုထွက်သွားကလည်း
ဂျီမင်မှာ တမှိုင်မှိုင်တထွေထွေ
ဖြစ်နေတာ ။

"ဂျီမင်က ဂျောင်ဂုကိုအရမ်း
ချစ်တာပဲလား "

"အင်း ချစ်တာပေါ့ ကိုယ့်အယ်လ်ဖာကြီးပဲကို ။ ဘာပဲလုပ်လုပ် သူ့ကိုပဲမြင်ယောင်နေမိတယ် ။ လုံးဝမေ့မရဘူး. . . ကျွန်တော် ရူးမလိုပဲ "

ဂျီမင်က မျက်ရည်တို့ဝဲလာကာ
ပေါင်ပေါ်က အကောင်ပေါက်
လေးကိုကြည့်နေသည် ။တကယ်ပဲ
ကလေးလေးနှစ်ကောင်လုံး က
ဂျောင်ဂုရုပ်လေးတွေ . .
လုံးဝချွတ်စွပ်ပင် ။  ဂျောင်ဂုလည်း
သူ့သားလေးတွေကိုတွေ့ချင်နေရှာမှာ ။
ကံတရားကလည်း သိပ်ချစ်ကြတဲ့ ချစ်သူနှစ်ယောက်ကိုမှ ခွဲရတယ်လို့. . အရမ်းရက်စက်
ပါပေတယ် ။ အကောင်ပေါက်
လေးတွေက အခုဆို ၁နှစ်သားလေးတွေတောင် ဖြစ်ကုန်ပြီ။      

"ဝမ်းမနည်းပါနဲ့ဂျီမင်ရယ် နေသား
ကျသွားမှာပါ ။ ကိုယ့်ကိုယ်ကို
ပျော်အောင်နေ..ဂျီမင်စိတ်ခံစားချက်
မကောင်းရင် ကလေးတွေလည်း
မပျော်ဘဲ နေလိမ့်မယ်"

ᗰᗩGᑎET (Completed)Where stories live. Discover now