အပိုင်း ၄၇

18.4K 1.1K 316
                                    

"မင်းယောင်္ကျား"

Jeon ၏စကားကြောင့် ဂျီမင်
တစ်ကိုယ်လုံး
တောင့်ခဲသွားသည်။
ချက်ချင်းပင် တစ်ကိုယ်လုံး jeon၏
ရင်ခွင်ထဲ နစ်မြုပ်သွားရပြီး
နှုတ်ခမ်းတို့သည်လည်း ငုံထွေးခြင်း
ခံလိုက်ရသည် ။
တစ်ဆက်တည်းမှာပင်
ဂျီမင်၏တစ်ကိုယ်လုံး ပူနွေးလာသည် ။
Jeon ၏ pheromone တို့ကြောင့်
အားလျော့လာပြီး သူ၏ ဒူးတို့သည်လည်း
ခွေကျချင်လာသည်။

သေချာတာတစ်ခုကို သိလိုက်
ရပါသည် ။ထိုသည်က သူဟာ
Omega တစ်ယောက်ဖြစ်နေခဲ့တယ်
ဆိုတာပါပဲ ။
ဒါကိုလည်း Jeonဟူသည့်
ကောင်လေးက
သိနေသလိုပင် ။
ဒါဆို ဒီကောင်လေးက ဂျွန်ဂျောင်ကုလား ။ ဂျွန်ဂျောင်ကုက
ထောင်ထဲမှာရှိနေရမှာမဟုတ်လား ။
သူ့နာမည် jeon လို့မိတ်ဆက်ခဲ့တယ် ။
Jeon ဆိုတည်းက ဂျွန်ဂျောင်ကုမှန်း
သိခဲ့ရမှာ ။

Jeon က ကျွန်တော့်‌ကိုပွေ့ဖက်ထားတယ် ။
သူ့ရင်ခွင်က နွေးထွေး တယ်။
ကျွန်တော်ရဲ့ ဘယ်သူ့ကိုမှန်းမသိ လွမ်းဆွတ်နေတဲ့ ခံစားချက်တွေ
ပျောက်ဆုံးကုန်တယ် ။
ဘာကြောင့်မှန်း မသိဘူး ။
ကျွန်တော် ဂျွန်ဂျောင်ကုကို မုန်းတယ် ။
နာမည်ကြားတာနဲ့ကို အရမ်းမုန်းတီး
ပေမယ့် Jeon နဲ့ကမတူဘူး။
သူက ကျွန်တော့်ရဲ့အားကိုးရာ
လူသားတစ်ယောက်လိုပဲ ။
သူနဲ့ရှိနေရင် လုံခြုံတယ်လို့
ခံစားရတယ် ။

Jeon က ဂျွန်ဂျောင်ကု လား ။
မင်းယောင်္ကျားဆိုတဲ့ စကားက
Jeonက တမင်သက်သက် ပြောလိုက်တာလား ။ တကယ်ပဲ
Jeonက ဂျွန်ဂျောင်ကု
ဖြစ်နေတာလား ။ Jeon က 
သူအတိတ်မမေ့ခင်က
ပက်သက်ခဲ့ဖူးတဲ့
လူများလား ။

အတွေးလွန်နေတဲ့ အချိန်မှာတင်
Jeonရဲ့လက်တွေက အင်္ကျီအောက်မှာ
ပွတ်သပ်နေပြီ ။
Jeonရဲ့ပြင်းထန်တဲ့ အသက်ရှူသံတွေလည်း ကြားနေရတယ် ။ ကျွန်တော် ရုန်းဖို့အားမရှိတာလား ၊ ခန္ဓာကိုယ်က
အလိုအလျောက်လက်ခံမိနေတာလား
မစဉ်းစားတတ်တော့ပါဘူး ။
တစ်ခုတော့ သေချာတယ် ။
ကျွန်တော့်စိတ်ထဲ မုန်းတီးရွံရှာမှု့တွေ
ရှိမနေဘူး ။ ခန္ဓာကိုယ် ‌သွေးသားက
သူ့အနမ်းတွေမှာတင် တောင့်တလိုချင်
တပ်မက်လာတယ် ။

ᗰᗩGᑎET (Completed)Where stories live. Discover now