အပိုင်း ၄၉

18.4K 1.1K 251
                                    

မောင်က ရေချိုးခန်းထဲမှ bathrobe
ဖြင့် ပြန်ထွက်လာပြီး
အိပ်ယာပေါ် ထိုင်လိုက်တာကြောင့်
ကျွန်တော်သည်လည်း ထထိုင်လိုက်သည် ။
မောင့် လက်ပြင်နားက အမာရွတ်ကို
တွေ့တော့ လက်ဖြင့်အသာလေးထိရင်း
မေးမိသည် ။

"မောင်..ဒီအမာရွတ်က ဘယ်လိုဖြစ်
တာလဲ"

"အာ..အဲ့ဒါက မောင်တို့ ပထမဆုံး
ပူပူနွေးနွေး ညလေးဖြတ်သန်းတုန်းက
အမှတ်တရလေ"

"ငါလုပ်ခဲ့တာလား"

"မဟုတ်ပါဘူး ။ မောင့်ဘာသာ လုပ်ထားတာ အမှတ်တရရှိနေအောင်လို့။
မိုက်တယ်မလား"

"မောင် ပေါတောတော လုပ်မနေနဲ့။
အဲ့အမာရွတ်က ငါ့ကြောင့်ရတာလား
အမှန်တိုင်းဖြေ "

"မဟုတ်ပါဘူးဆိုကွာ ။
‌ဒီတိုင်း မတော်တဆဖြစ်သွားတာ
အဲ့ဒါတွေ မတွေးနဲ့တော့ "

ရွှတ်နောက်နောက် ပြောနေသည့် မောင့်ကို နည်းနည်းလေးမှမယုံ ။
ဒီ အမာရွတ်က တစ်ခုခုပဲ။
အရင်က သူနဲ့ မောင်နဲ့ အဆင်ပြေတဲ့
ဆက်ဆံရေးမဟုတ်မှန်း သိပြီးသား ။
Kookieလေးကို ရပြီးတဲ့အထိတောင်
အဆင်ပြေကြတဲ့ ဆက်ဆံရေးမှ
မဟုတ်ခဲ့တာ ။ အဲ့ဒီအမာရွတ်က
သူလုပ်ခဲ့မိတာများလား ။

"မောင်မင်းကို ပြောစရာရှိတယ်..
မောင် မင်းကိုဖုံးကွယ်ထားဖို့
မရည်ရွယ်ပါဘူး ။လျှို့ဝှက်တစ်ခုမို့
မောင်နဲ့ မောင့်အဖေ၊ဖေဖေလေးနဲ့
မောင့်ရဲ့ဆုံးသွားတဲ့ အမေပဲသိတာ။
မကြာခင် လက်ထပ်ရတော့မှာ
ဆိုတော့ အခု ပြောပြသင့်တယ်
ထင်လို့ ။ ‌"

စကားပုလ္လင်ခံနေတဲ့ မောင့်ကိုကြည့်ရင်း
လက်ဖျားတွေ အေးစက်လာမိသည် ။
မဟုတ်တာ တစ်ခုခုလုပ်ထားတာတော့
မဟုတ်ဘူးမလား ။
လွန်ခဲ့တဲ့ရက်က မောင်နဲ့ အနေနီးတာကြောင့် အတိတ်ကဖြစ်ရပ်တစ်ချို့
ပြန်သတိရလာပြီးပြီ ။
မောင်က ကျွန်တော် မသိအောင်
တစ်ခုခုဖုံးကွယ်ထားတယ် ။
အဲ့တာကိုသိရဖို့ ကျွန်တော်ကြောက်ရွံနေမိတယ် ။

"တကယ်တော့..."

"မောင်! မင်းတိတ်တိတ်ပုန်း မိန်းမရှိနေတာတော့ မဟုတ်ဘူးမလား"

စကားကို ဖြတ်ပြောလိုက်တော့
မောင်က ကျွန်တော့်ကိုကြည့်ပြီးရယ်တော့သည်။

ᗰᗩGᑎET (Completed)Where stories live. Discover now