အပိုင်း ၃၀

18.1K 1.4K 270
                                    

ဖြစ်ပုံကို ပြန်ပြောပြရမယ်ဆိုရင်
အင်း
အချိန်ကောင်းကြမှ နိုးလာတဲ့
ဂျွန်မင်ဂု ဆိုတဲ့ ပေါက်စနကြောင့်
ခုတင်ပေါ်က
ကန်ချခံလိုက်ရတာပါပဲ ။

အားပြင်းလား မပြင်းလား လူကိုလွင့်ထွက်သွားတဲ့အထိ ။
အခုထိကို ‌ဗိုက်နားက အောင့်နေသေး
သည် ။

ဗိုက်နာမမှုလောက်တဲ့ ရင်အနာဆုံးကတော့
"မင်းငါ့ကို ထိရဲထိကြည့် ဖြတ်ပစ်မယ်"
ဆိုတဲ့ စကားကြောင့်ပါပဲ ။
စကားကြားကြားချင်းဆို ဟိုနားကတောင် ကြိမ်းတယ် ။
အထူးသဖြင့် မထိရတော့မှာကို ရင်အနာဆုံးပါပဲ ။

နိုးလာတာ သူ့သားလေ ၊
စိတ်ဆိုးတော့ ကိုယ့်ကို ။
ဖြစ်သင့်ရဲ့လား ။

နောက်ထပ်ထိလို့မရတော့မှာ
ကြောက်လို့ စိတ်ဆိုးသွားတဲ့ အိုမီဂါလေးကို
မည်သို့ ချော့ရမလဲ စဉ်းစားရကြပ်နေပြန်သည် ။

အခုက ဘယ်‌လောက်ထိ အခြေအနေဆိုးသွားလဲဆိုရင်
မီးတဝင်းဝင်း အကြည့်တွေနဲ့
ငါ့အရိပ်တောင် မနင်းနဲ့ဆိုပြီး
စိမ်းကား ခံရတာ ။

အော် ဂျွန်မင်ဂု ၊ဂျွန်မင်ဂု ၊
ကိုယ့်အဖေကို ညစာတတင်မကဘူး
နေလည်စာပါ ငတ်အောင် လုပ်တဲ့
ငမွှေကောင်လေး ။

အဲ့Parkပေါက်စက သူကြတော့ ဂျီမင်ပေါင်ပေါ်ထိုင်ပြီး မုန့်လေး
တမြုံမြုံစားနေလိုက်တာ ။
သူ့ဒယ်ဒီကိုကြတော့ အနားကပ်လို့မရအောင်ကို
မွှေသွားတဲ့ ငမွှေကောင်လေး ။
အင်းပေါ့ ကိုယ့်သားဆိုတော့လည်း
စိတ်မဆိုးမိပါဘူး ။ကိုယ့်အဖြစ်ကိုပဲ
ကိုယ်ရင်နာမိတာ ။

ငမွှေလေးက
ဂျီမင် ပေါင်ပေါ်ထိုင်နေရာမှ အောက်သို့ဆင်းကာ
Sun ဆီသွားပြီး ပန်းသီးသွားတောင်းလေသည် ။
ကိုယ်ကတော့ ဂျီမင်နားကပ်ချင်လို့
Parkပေါက်စအလစ်ကို ချောင်းနေရင်း
ဂျီမင်နှင့် မျက်နှာချင်းဆိုင်မှာ ထိုင်ရင်း
ကော်ဖီထိုင်သောက်နေလိုက်သည် ။

Sunဆီပြေးသွားတဲ့ သားက
လုံးလုံးသေးသေးမို့ မြင်တာနဲ့
ကိုက်စားချင်စရာ ။
Laptop နဲ့ အလုပ်လုပ်နေတဲ့
Sun အနား စူးစမ်းနေသော
Park ပေါက်စက laptopထဲမှ
တစ်ခုခုကို မြင်သွားလေသည် ။

ᗰᗩGᑎET (Completed)Where stories live. Discover now