အပိုင်း ၂၉

17.1K 1.4K 224
                                    

ဒယ်ဒီ လူမိသွားပြီ

အိမ်သို့ပြန်ရောက်တဲ့အခါ Kookie လေးကို မြင်မြင်ချင်း သူမထိန်းနိုင်စွာ ငိုမိတော့သည်။

ဒါက သူ့သားလေးလား ၊ ကောင်းကောင်းမွန်မွန် ကြီးပြင်း
လာခဲ့တာပဲ ။ တကယ့်ကို ကောင်းမွန်စွာ ကြီးပြင်းလာလို့ တော်ပါသေးတယ်။ကျေးဇူးတင်ပါတယ်
ကောင်းကောင်းမွန်မွန်လေး ကြီးပြင်းခဲ့လို့...သူ့လိုအဖေမျိုးဆီက
မင်းမွေးဖွားလာခဲ့လို့ ကံဆိုးစွာနဲ့
ကြီးပြင်းလာရမယ်ထင်ခဲ့တာ ။
ကံကောင်းစွာနဲ့ မင်းက မင်းဒယ်ဒီဆီမှာ
ကောင်းမွန်စွာ
ကြီးပြင်းလာခဲ့တာကိုပဲ ကျေးဇူးတင်ရမယ်...ကလေးရယ်။
ငါ့လို အဖေမျိုးကို မင်း‌အဖေ လို့တောင် မခေါ်သင့်ဘူး ။

Kookieလေးကို ရင်ခွင်ထဲ နစ်နေအောင် ဖတ်ထားရင်း မရပ်တန့်နိုင်စွာ
ငိုနေမိသည်။

ကိုယ့်ရဲ့သားလေး ။ဒီယုန်သွားလေးနဲ့ ကလေးက သူ့ရဲ့သားလေး။ ဒီချစ်စရာကလေးက သူ့ရဲ့သားလေးတဲ့ ။ဒီပိစိလေးက သူ့ရဲ့သားလေးတဲ့ ချစ်ဖို့ကောင်းလိုက်တာ ။

ကိုယ့်အစား
ဂျောင်ဟိုဆော့က ကလေးကို
မွေးအဖေနေရာကနေ အကောင်းဆုံး
မေတ္တာတွေ ပေးခဲ့လို့သာ...ကလေးက
မွေးဖခင်ရဲ့မေတ္တာကိုပါ မငတ်မွတ်ဘဲ
အပြည့်အဝရခဲ့တာပေါ့ ။

တကယ်ဆို ဂျွန်ဂျောင်ကု နဲ့ဂျောင်ဟိုဆော့က တကယ်ကျေးဇူးစရာကောင်းတဲ့ သူတွေပါ...။

ဂျွန်ဂျောင်ကုသာ သူ့ကိုမုန်းတဲ့စိတ်နဲ့ကလေးကိုသာ
ခေါ်မမွေးခဲ့ရရင် ကလေးက
မိမဲ့ ဖမဲ့ နဲ့ ပြည့်ပြည့်စုံစုံကြီးပြင်းခဲ့ရမှာ
မဟုတ်ဘူး ။

Jeonသည်လည်း ထိုမြင်ကွင်းလေးကို
ပြုံး၍ကြည့်နေသည် ။
နောက်ဆုံးတော့ ဒီမိသားစုလေး
စုစည်းကြပြီ ။ဂျီမင်ရဲ့ ရင်ခွင်ထဲမှ သားက သူ့ကို မျက်လုံးဝိုင်းဝိုင်းလေးတွေဖြင့် ကြည့်နေသည် ။

"ဦးဦး"

"ဟင်..သားပြောလေ"

ဂျီမင် ဖက်ထားရာမှ ခွာလိုက်ပြီး
ပါးပြင်ပေါ်က မျက်ရည်ကြောင်းလေးတွေကို လက်ဖဝါးဖြင့် မြန်မြန်သုတ်ကာ
Kookieလေးကို တည့်တည့်ကြည့်လိုက်သည်။ kookie လေးက ဂျီမင့်ပါးပြင်ပေါ်က မျက်ရည်လေးတွေအား သူ့လက်သေးသေးလေးနဲ့ သုတ်ပေးပြီး..

ᗰᗩGᑎET (Completed)Where stories live. Discover now