အပိုင်း ၃၄

19.5K 1.3K 149
                                    

somebody to you

ဂျီမင်ရဲ့ မနက်ခင်းလေးက နာကျင်မှုတို့ဖြင့်နိုးထလာရလေသည် ။
အခန်းပတ်ပတ်လည် ကြည့်မိတော့မှ
မိမိအခန်းမဟုတ်မှန်း သတိထားမိသည်။

ကျောရိုးတစ်လျှောက် တင်ပါးရိုးထိ
နာကျင်နေတာကြောင့် စိတ်ထဲအလိုလို
ဆဲမိလိုက်သည် ။
ချီးလိုပဲ!
အားးယား နာလိုက်တာ နာလိုက်တာမှ
နာလိုက်တာဆိုတာထက်တောင်
နာသေးတယ် ။

အင်္ကျီကိုကြည့်မိတော့ ပွယောင်းနေသော ညအိပ်ဝတ်စုံဖြစ်သည် ။
ညက ဘယ်အချိန်အိပ်ပျော်သွားမှန်းတောင် မသိလိုက် ။ အင်္ကျီတွေက သေချာပေါက် ဂျွန်ဂျောင်ကု ဝတ်ပေးထားတာနေမှာပေါ့ ။

ဂျွန်ဂျောင်ကုဆိုတဲ့ Dominant Alphaကောင်က အခွင့်အရေးပေးလို့ကိုမရဘူး။ ပေးလိုက်တာနဲ့ လူကိုစိစိညက်ညက်‌ေကျအောင် ချေပစ်လိုက်တာ ။အခုတစ်ခါက တစ်ဆယ့်နှစ်ဘီးကားတက်ကြိတ်တာထက်ဆိုးတယ် ။ ငရုတ်စုံထဲ ထည့်ထောင်းခံလိုက်ရသလိုပဲ ။

Dominant Alpha
တိုင်းက တော်ရုံနဲ့မတင်းတိမ်နိုင်ကြတာကို
သိလို့ တစ်ခါလေးသနားမိတာ ။
အော် သူလည်းလိုချင်မှာပေါ့ဆိုပြီး သနားမိတာနဲ့ ပါးစပ်ရှည်ပြီး ပြောမိတာ။တစ်ခါလေးသနားမိတဲ့ တစ်ခဏ
အရိုး‌ေတွကြေတဲ့အထိ အထောင်းခံလိုက်တာပါပဲ ။

ညတုန်းကဆို ခါးကျိုးပြီလို့တောင်
ထင်ထားတာ ။
သူမုန်လာဥမှအားမနာ လူကို
လုပ်သွားလိုက်တာမှ ရစရာကိုမရှိဘူး ။
တစ်ကိုယ်လုံးကို နီရဲပြီး သူ့ကိုက်ရာ ၊ကိုင်ရာ၊သွားရာတွေနဲ့ ။အခု လမ်းကမလျှောက်နိုင် ၊
ခါးကနာ ၊ ခြေထောက်တွေကကိုက် ၊
လက်တောင်မမြှောက်နိုင်တော့ဘူး ။
နှစ်ရက်လောက် ဝမ်းမသွားနိုင်မယ့်ကိုယ့်အဖြစ်ကိုကိုယ်
ယူကြုံးမရဖြစ်မိသည် ။

ဘဝမှာ အကြီးမားဆုံးသင်ခန်းစာက
Dominant Alphaဖြစ်တဲ့ ကိုယ့်ရဲ့
Mateကိုမသနားမိစေနဲ့ ။
သနားမိရင် မင်းဘဝတော့ ရေတိမ်နစ်ပြီ။

ညကသူ့ဒေါသကိုစွချင်လို့ ရည်စားဟောင်းနဲ့သွားပြန်တွေ့လိုက်တာ
ဒေါသတော့ထွက်သွားတယ်။
သို့ပေမယ့်ပြန်ခံလိုက်ရတာကကုိယ်
ဖြစ်နေတယ် ။

ᗰᗩGᑎET (Completed)Where stories live. Discover now