အပိုင်း ၂၀

16.5K 1.3K 335
                                    

Alpha က သရဲကိုတောင် လည်ပင်းညစ်ပြီးသတ်ပေးမယ်တဲ့!

ကံကြမ္မာက အကြောင်းဖန်လိုက်တာလား..။ကင်ထယ်ယောင်း အကြောင်းဖန်လိုက်တာလားတော့မသိ
ပတ်ဂျီမင် နဲ့ နှစ်ယောက် တည်း
ခရီးထွက်ရန် ဖြစ်လာတော့သည် ။

ကောင်းလား ဆိုတော့ မကောင်းပါဘူး။မကောင်းဘူးလားဆိုတော့လည်း
ကောင်းပါတယ်။
အဆင်ပြေလားဆိုတော့ နည်းနည်းပါ
အဆင်မပြေဘူးပေါ့ဆိုတော့လည်း
မဟုတ်ပြန်ဘူး..

ဒါဆို မသွားချင်ဘူးလားဆိုတော့
အဆင်ပြေပါတယ်..
ဒါဆို သွားချင်လားဆိုတော့လည်း
သိပ်တော့ မသွားချင်ဘူး..

အဖြေတွေက ဂျောင်ကုစိတ်လို ဟိုမရောက်ဒီမရောက်တွေ ။

ပတ်ဂျီမင် နဲ့ အခြေအနေဘယ်လိုလဲဆိုတော့..
ဒီတိုင်းပါပဲ ။
ကြိုက်လား ဆိုတော့ မကြိုက်ဘူး
ဒါဆို မင်းကမကြိုက်ဘူးလို့
ပြောရဲလားဆိုတော့ အင်တင်တင်..။

ကြိုက်တော့ကြိုက်တယ်..
​ကြိုက်တာတော့ မဟုတ်ဘူး
ဘယ်လိုကြိုက်တာလဲလည်းမသိဘူး
သဘောကျတာပေါ့
နည်းနည်းလေးပါ ကျတော့ကျတယ်
သိပ်မကျဘူးပေါ့
မဆိုသလောက်လေး သဘောကျတယ်ရယ်လို့လည်း
ဆိုမရပါဘူး..
အဆင်ပြေနေသလိုလားဆိုတော့
နည်းနည်းပါ..
ဒီတိုင်းလေး ဘယ်လိုလဲ မပြောတတ်..

စကားလုံးနဲ့ဖော်ပြလို့မရတဲ့ ဆက်ဆံရေး တစ်ခုဖြစ်နေတာကြောင့်..
ရှည်ရှည်ဝေးဝေးလည်း ဆက်မစဥ်းစားချင် ။

ဒီတော့ သွားလိုက်ရတာပေါ့..
သွားလိုက်ရတာတော့ မဟုတ်ဘူး
သွားလိုက်တာပါ..။

တငြိမ့်ငြိမ့် ရွေ့လျားနေတဲ့
ဇိမ်ခံship ကြီးပေါ်တွင်
ပြဿနာတက်နေသည့်လူသုံးယောက် ။
ဒီship က Jeon အိမ်တော်
ရှယ်ယာတစ်ဝက်ပါတယ်လေ..။

အဆင့်မြင့် luxury ship တွေထက်ပင်
ပိုမိုကောင်းမွန်နေတာကြောင့်..
လိုက်ပါသူများက အများအပြား ။
ရွှေတောင် တဝင်းဝင်းအဆင်တန်ဆာများနှင့်
အိပ်ခန်း
ကုတင် ၊ ထိုင်ခုံ ၊အစားအသောက်
တို့က အစ
luxury ဆန်ဆန် ပြင်ဆင်ထားတာကြောင့် နန်းတော်တစ်ခုထဲ ဝင်ရောက်လိုက်သလို ခန်းနားကြီးကျယ်လွန်းလှသည် ။

ᗰᗩGᑎET (Completed)Where stories live. Discover now