အပိုင်း ၂၆

18.4K 1.4K 351
                                    

လျှို့ဝှက်ချက်ရဲ့တစ်စွန်းတစ်စ

ယောင်နနဖြစ်နေသည့် မာနခဲလေးအားကြည့်ရင်း Jeonဟာ ခပ်ပြုံးပြုံး ။

မာနခဲလေးသည် သူ့ကိုမျက်နှာချင်းမဆိုင်ဘဲ ဟိုပစ္စည်းကိုင်လိုက် ယောင်နနနဲ့ ပြန်ချလိုက် ဒီပစ္စည်းကိုင်လိုက် ပြန်ချလိုက် လုပ်နေလေသည်။

သူမေးတဲ့ မေးခွန်းက
ထိုမျှလောက် ဂျီမင်ကို တုံလှုပ်စေသည်ပေါ့..

သူပြန်ဖြေတာကလည်း မရေမရာ..

"ကလေးကိုဗိုက်ခွဲပြီး ဖျက်ချထားတာ"
တဲ့လေ ၊ ဖြစ်နိုင်ပါတယ် ။
အဟွန်းး အရမ်းဖြစ်နိုင်တာပေါ့..။

"ဂျီမင်"

"ဟမ်..ဟမ်"

ခါးလေးမတ်သွားပြီး မဆိုင်းမတွ ပြန်ဖြေလိုက်သည့် ဂျီမင် ။
မျက်စံလေးတွေက တောင်ကြည့်
မြောက်​ကြည့်..။ထို့အပြင်
မျက်ခုံးလေးပင့်ပြီး ကျွန်တော့်ဘက်ကို
မသိမသာလေး ခိုးကြည့်သေးသည် ။

တကယ့်ကို မဟုတ်တာလုပ်ထားလို့
သူခိုးလူမိသလို ရုပ်လေးပါဆို..။

"ဖုန်းခနလောက်"

Sh*t...သေစမ်း ။

ကံနိမ့်ချိန်ဆို ဖုံးထားတဲ့ ကိစ္စတွေ
အကုန်ပေါ်တတ်သလား..။

"ငါ့ဖုန်းအားမရှိဘူး.."

"ဟမ်း..အဲ့ဆို ဒီအားအပြည့်
ဖြစ်နေတဲ့ ဖုန်းက
ဘယ်သူ့ဖုန်းလဲမသိဘူး "

မျက်လုံးလေးပြူးကာ ချက်ချင်းလာကြည့်လာသော
ဂျီမင်က လက်ထဲကဖုန်းကိုမြင်တော့
ပြေးလာကာ ဆွဲလုတော့သည် ။

အလျင်မြန်သူဂျောင်ကုကလည်း
အမြန်ရှောင်လိုက်ပြီး...

"ဖုန်းထဲမှာ ဘာတွေရှိလို့.. ကိုယ့်ကိုမငှားချင်တာလဲ"

တခဏအတွင်း စူးရဲသွားသည့်
မျက်လုံးလေး..

"ငါ့ကိုပြန်ပေး..ဂျွန်ဂျောင်ကု"

"အမယ်..ပေးစရာလား
မင်းဘာတွေဖွက်ထားလဲ သိရမှဖြစ်မယ်"

"ဂျွန်ဂျောင်ကု..ပြန်ပေးလို့"

လက်ထဲကဖုန်းကို အတင်းလိုက်လုနေသောအိုမီဂါ လေးမမှီအောင် လက်ကိုမြောက်လိုက်တော့ ခုန်စွခုန်စွနဲ့
လိုက်လုနေသည်။

ᗰᗩGᑎET (Completed)Where stories live. Discover now