အပိုင်း ၁၂

13.4K 1.2K 186
                                    

Betaတစ်ယောက်ကကိုယ်ဝန်ဆောင်နိုင်သတဲ့လား?

မျက်နှာချင်းဆိုင်တွင် ထိုင်နေသော
Mr.Jeon နဲ့ ဖေဖေလေးတို့အား
ကုတ်ကုတ်လေး ကြည့်နေသည့်
Sun ။မိမိက အပြစ်လုပ်ထားသည့်သူမို့
ဘာများပြောမလဲ ရင်တခုန်ခုန်နှင့်
စောင့်ရသည်မှာ နှလုံးရပ်​တော့မည်။

"သား Sun ဦးလေးကို သေချာပြောစမ်းကွာ ဂျောင်ဂုက အဲ့ကောင်လေးနဲ့ ဖောက်ပြန်နေတာလား.."

"မ...မဟုတ်ပါဘူး.. "

"ဒါဆို မဖောက်ပြန်ဘဲ.. အပျော်သဘောတွဲနေတာလား"

"အဲ့လိုလည်း..မဟုတ်ပါဘူး "

Sunက ဟိုကြည့်ဒီကြည့်နှင့်
အဖြေကို တိတိကျကျမဖြေဘဲ
ဝေ့လည်ချောင်ပတ်လုပ်
နေတာကြောင့် Mr.Jeonက
စိတ်မရှည်တော့ချေ ။

"ကဲပြော..ဒါဆို ပတ်ဂျီမင် နဲ့ကဘယ်လိုဖြစ်ကြတာလဲ"

"ကျွန်တော်လည်း မသိပါဘူး..
ဒါပေမယ့် ဂျောင်ဂုက ဟို..ဟို"

"ဂျောင်ဂုက ပတ်ဂျီမင် ဆိုတဲ့ကောင်လေးနဲ့ ပြန်ဆက်နေတာပေါ့"

Mr.Jeonသည် ဂျောင်ဂုနှင့်ဂျီမင်၏ရင်းနှီးမှု့အတိုင်းအတာကို သိရှိနေခဲ့ပြီး သူအဆက်အပြတ် ဂျောင်ဂုကို စောင့်ကြည့်နေခဲ့ရင်း ဘာတွေဖြစ်ပျက်ခဲ့လဲ တစ်စွန်းတစ်စတော့ သိရှိနေခဲ့သည်။ Mr.Jeonသည် ဂျီမင်နှင့်ဂျောင်ဂုရဲ့ ရှုပ်ထွေးလှတဲ့ ဆက်ဆံရေးကို ရေငံနေသည်ဟု ထင်နေပုံရသည်။

"ဟုတ်...ဟုတ်ကဲ့.."

သူဆင်ခြေပေးရန် အကြောင်းပြချက်အား စဉ်းစားရင်း လက်တို့ပင်တုန်လာတော့သည်။ ခေါင်းထဲ ဘယ်လိုဇာတ်လမ်းဆင်ရမလဲ စဉ်းစားနေချိန် ပါးစပ်ထဲ ယောင်မိယောင်ရာ‘ဟုတ်ကဲ့’ဟုထွက်ကုန်တော့သည်။ ဇာတ်ကမစရသေးခင် မနိုင်တော့ချေ။

"ပြောတော့ ဖောက်ပြန်နေတာမဟုတ်ဘူးဆို"

"ဟုတ်အဲ့လိုလည်း မဟုတ်ပါဘူး.."

ကိုယ့်အဖြေနှင့်ကိုယ် ချာလည်ပတ်လည်ရိုက်ရင်း မူးတောင်မူးလာပြီ..။

"Sun သားကဦးလေးတို့ရဲ့ သားမက်လည်းဟုတ်တယ် သားအရင်းလိုလည်းဟုတ်တယ်။ အဲ့တာကြောင့် ပွင့်ပွင့်လင်းလင်းပြောပါ"

ᗰᗩGᑎET (Completed)Where stories live. Discover now