အပိုင်း ၅၀

17.1K 1K 267
                                    

"မတွေ့ရတာကြာပြီ Eunwoo"

"သူငယ်ချင်းကြီး ထောင်ကျသွား
တယ်ကြားထားတာ။ အခု ဘယ်လို
ဖြစ်သွားပြီလဲ"

Eunwoo က စနောက်ရင်းပြော
လိုက်သည် ။

"အဆင်ပြေသွားပြီ ။ ကြားထဲ
နည်းနည်း နားလည်မှု့လွဲသွားလို့"

Jeonက ပြုံး၍ပြောလိုက်တော့
Eunwoo ကရယ်၏ ။
Jeonက မကောင်းတဲ့လူမဟုတ်မှန်း
Eunwoo က သိပြီးသားပင် ။

"ဒီဘက်က Kim Taehyung
Winter Bear CEO"

"မင်္ဂလာပါ CEO Kim , တွေ့ရတာ
ဝမ်းသာပါတယ် "

"တွေ့ရတာဝမ်းသာပါတယ်
ဗိုလ်ချုပ် Cha Eunwoo"

Jeon မိတ်ဆက်ပေးမှု့ကြောင့်
ကင်မ်နှင့် Eunwoo က
အချင်းချင်း လက်ဆွဲ နှုတ်ဆက်လိုက်ကြပြီးနောက် သုံးယောက်လုံး တစ်ယောက် တစ် ဆိုဖာ စီ
ထိုင်လိုက်ကြသည် ။

အရေးကြီး ကိစ္စတိုင်ပင် ‌ဆွေးနွေး
ကြမည်မို့ သူတို့တွေ ဆုံကြခြင်းသာ ။
Jeonနဲ့ Eunwoo က လွန်ခဲ့သော
နှစ်တွေကတည်းက ရင်းနှီးခဲ့ကြသည် ။
Eunwoo သည်လည်း jeonနှင့်
အသက်မတိမ်းမယိမ်းဖြစ်ပြီး
သူတို့တွေက
သူငယ်ချင်းတွေလို ပုခုံးဖက်ပေါင်း
ခဲ့ကြတာ ။

Jeonက အဖြူရောင်ရှပ်လက်ရှည်ကို
တံတောင်ဆစ်အထိ ခေါက်တင်
ထားပြီး အနက်ရောင် style pants
နှင့် တွဲ၍ဝတ်ဆင်ထားပြီး
ဝိုင်ပုလင်းကိုဖောက်ကာ
ဖန်ခွက် ၄ ခွက်ထဲ ထည့်လိုက်သည် ။

"တစ်ယောက်ကျန်သေးတာလား"

ကင်မ်က မေးလိုက်တော့ jeonက
ပြန်ဖြေ၏ ။

"အင်း ။ Eunwoo အသိလို့
ပြောတယ် ။ အထူးတပ်ဖွဲ့က
ကပ္ပတိန်"

Jeon စကားဆုံးပြီး မကြာပါဘူး
ကပ္ပတိန်ဆိုသူ ရောက်လာခဲ့သည် ။

"အာ~ ရောက်နေကြပြီလား ။
နောက်ကျသွားလို့ တောင်းပန်ပါတယ်"

Eunwoo က ကပ္ပတိန်အား
Jeonတို့နှင့် မိတ်ဆက်ပေးလိုက်သည်။

"ရပါတယ် ။ ဒီက Winter Bear CEO
Kim Taehyung, သူက Jeon groupက ဆက်ခံသူ ဂျွန်ဂျောင်ဂုတဲ့"

"ဂျွန်ဂျောင်ဂု?! ဟိုတစ်လောက
ထောင်ကျသွားတယ်လို့ သီတင်း
တွေထွက်နေတာ မဟုတ်ဘူးလား"

ᗰᗩGᑎET (Completed)Where stories live. Discover now