အပိုင်း ၄၄

13.1K 1K 139
                                    

ပိုင်ဆိုးပိုင်နင်း အပြုအမူတွေက တဖက်ကမ်းလွန်လာပြီ ။ အိမ်ထဲကို ခိုးဝင်လာသည့် အပြင် ရဲတင်းစွာ ပြုမူနေပြန်သည် ။

Jeon၏လက်တစ်ဖက်မှ
လက်ဖဝါးပြင်ဟာ
ဂျီမင်ရဲ့ ပါးစပ်ကို အုပ်ကာ
ဖိပိတ်ထားရင်း ကျန်လက်တစ်ဖက်
သိမ်းကြုံးဖက်ထားသည်။
Jeonရဲ့ ခန္ဓာကိုယ်ပေါ်က pheromoneရနံ့ကို သတိထားမိသွားကြောင့် ဂျီမင်ထပ်ငြိမ်သက်သွားသည်။

ဘာလို့ ဒီကောင်လေးရဲ့ pheromoneရနံ့ကို ရနေတာလဲ။
သိချင်စိတ်ပြင်းပြလာတာကြောင့်
ပါးစပ်အား ဖိပိတ်ထားသော
လက်ဖဝါးမှ အနံ့အား ရှူကြည့်လိုက်သည်။ ဟုတ်တယ် pheromoneအနံ့။
ငါသူ့ကိုယ်ပေါ်က pheromoneအနံ့ရရင် သူလည်း ငါ့ကိုယ်ပေါ်က
Pheromoneရနံ့ရနေလား ။

Pheromoneက သူ့အား အလွန်သက်တောင့်သက်သာ ဖြစ်စေတယ်။
မနေ့ညကလည်းမအိပ် ၊ဒီအချိန်ထိလည်းမအိပ်ရသေးတာကြောင့်
လူက နုံးချိပြီး ပင်ပန်းနေခဲ့တာ ။
သူ့ pheromoneတွေက တဖြည်းဖြည်းအိပ်ချင်အောင်လုပ်နေသလို။
သက်တောင့်သက်သာ ဖြစ်လွန်းရတဲ့
ခံစားချက်ကြီးကြောင့် အိပ်ချင်စိတ်က
ထိန်းမရ။ ခဏလေးအတွင်းမှာ ဘယ်လိုလုပ် အိပ်ချင်လာရတာလဲ...။
အိပ်ပျော်လို့မဖြစ်ဘူး...

တဖြည်းဖြည်း ယိုင်ကျလာသည့်
ခေါင်းလုံးလုံးကြောင့် ပါးစပ်အုပ်ထားရာမှ ဖယ်ကာ ပါးပြင်ဖောင်းဖောင်းလေးအား အုပ်ကိုင်ရင် အသာလေးထိန်းရင်း ခေါ်ကြည့်သည် ။

"အစ်ကို..အစ်ကို အိပ်ပျော်သွားတာလား။ ဂျီမင်...ဂျီမင်..."

ခန္ဓာကိုယ်လေးပါ ယိုင်ကျလာတာကြောင့် ပွေ့ချီလိုက်ပြီး ရေချိုးခန်းထဲ
ထွက်ခဲ့ကာ အိပ်ယာပေါ်အသာလေး
တင်လိုက်သည်။

"ရုတ်တရက်ကြီး အိပ်ပျော်သွားတာလား"

ရေအနည်းငယ်စိုနေသည့်
Bathrobeကြီးနဲ့ မို့
ဘီရို ထဲမှာ ညအိပ်ဝတ်စုံထုတ်ကာ
ဂျီမင်အား အင်္ကျီလဲပေးလိုက်သည်။
နှင်းဖြူလေးတွေလို ဖွေးဖွေးဥဥ
အသားအရည်လေးက ကြည်လင်နေတာမို့ မထိရက်မကိုင်ရက်။
သုံးလအတွင်း အများကြီး
လှလာတာပဲ။
ဂျွန်ဂျီမင် ရဲ့တစ်ကိုယ်လုံး ဂျွန်ဂျောင်ကုကအလွတ်ရနေပြီသား ။
စွဲလန်းချင်စရာ ခန္ဓာကိုယ်အစိတ်အပိုင်းလေးတွေ။ လှလွန်းလို့
အကြိမ်ကြိမ် ကျရှုံးခဲ့ရသည် ။

ᗰᗩGᑎET (Completed)Where stories live. Discover now