အပိုင်း ၃၈

17.3K 1.2K 277
                                    

"စီနီယာအဆင်ပြေရဲ့လား"

မူးပြီးမှောက်တော့မည့် ဟိုဆော့အား ဂျူနီယာကောင်လေးက စိုးရိမ်စွာမေးလိုက်တော့ ဟိုဆော့က
ခေါင်းရမ်းပြပြီးပြောလိုက်သည် ။

"ရတယ် ရတယ်"

ကျောင်းသားဟောင်းတွေ့စုံပွဲ၌
သောက်စားရင်း ဂျောင်ဟိုဆော့ ရေချိန်ကိုက်နေလေပြီ ။

"Hoseok shi အဆင်ပြေရဲ့လား
အရမ်းမူးနေသလိုပဲ"

"အာ မမူးပါဘူး ကျွန်တော်မမူးပါဘူး"

မမူးဘူးသာပြောနေတာ ပါးနှစ်ဖက် နီရဲလျက် မျက်လုံး‌ေတာင်မပွင့်တော့ဘဲ စားပွဲပေါ်နဖူးထိမတတ် ငိုက်က‌ျနေ‌
‌ေတာ့သည် ။

"ကိုယ့်ကို မှတ်မိလား"

"ဟင့်အင်း တွေ့တောင်မတွေ့ဖူးဘူး"

မျက်လုံးတစ်ဖက်ဖွင့်ကာ ဘေးသို့အနည်းငယ်စောင်းကြည့်ပြီး
လက်ဖဝါးခါပြကာ မတွေ့ဖူးကြောင်း အပြတ်ငြင်းလိုက်သည့် ဟိုဆော့ ။

"သေချာကြည့်ပါအုံး "

မေးကိုဆွဲမော့လာသည့် ထိုလူ့လက်ကြောင့်
ဟိုဆော့က ထိုလူလက်ထဲမှ
မိမိမေးစေ့အား လွှတ်အောင် ချက်ချင်းခေါင်းကိုနောက်ဆုတ်ကာ
ရှောင်လိုက်ပြီး မပွင့်တပွင့်မျက်လုံးလေးဖြင့်
သေချာကြည့်ရင်း ထပ်ပြောသည်။

"မသိဘူး မြင်ကိုမမြင်ဖူးတာ"

ပါးနီရဲရဲဖြင့် မူးနေသော အမူးသမားလေးအားကြည့်ရင်း သူက
သဘောကျစွာ ရယ်သည်။

"ကိုယ်က မင်းနဲ့နောက်ဆုံးနှစ်တုန်းက
စား‌မေးပွဲ ဖြေတော့ ဘေးချင်းကပ်ကျတဲ့သူလေ"

"အော် အဲ့လိုလား ။ဆောရီး ပါဗျ
ကျွန်တော်က အချိန်တွေကြာပြီဆိုတော့ မမှတ်မိတာဗျ "

အာလေးလျှာလေးနှင့်ပြောလာသည့်
ဟိုဆော့ကြောင့် သူကထပ်ရယ်သည် ။
သူက တက္ကသိုလ်နောက်ဆုံးနှစ်ထဲက
ဟိုဆော့အား ကြိတ်ကြိုက်လာခဲ့သည့်သူပါ ။
ထိုအချိန်တုန်း ဂျွန်ဂျောင်ကုက ဟိုဆော့ဘေးနားအမြဲရှိနေတာမို့
သူမပြောနဲ့ ကျန်တဲ့သူတောင်
မကပ်နိုင်ခဲ့ ။
လပတ်စာမေးပွဲတစ်ခု၌ စတွေ့ခဲ့ပြီး
မြင်မြင်ချင်း ချစ်မိသွားတယ်ဆိုရမှာပေါ့ ။ အင်းပေါ့ ကိုယ်ကသာ သူ့ကို
ကြိတ်ကြိုက်နေရတဲ့ သူမို့ သတိထားမိပေမယ့် သူကတော့
ဘယ်သတိထားမိပါ့မလဲ ။

ᗰᗩGᑎET (Completed)Where stories live. Discover now