အပိုင်း ၂၄

21.4K 1.4K 561
                                    

(ယခုအပိုင်းတွင် ရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေပါဝင်
နိုင်သလို ရှက်စဖွယ်အသုံးအနှုန်းတွေ
ပါဝင်နိုင်ပြီး ဟိုဒင်းဟိုဟွာအခန်းတွေ
ပါဝင်နိုင်တာကြောင့် ကလေးသူငယ်များဖတ်ရန် မသင့်တော်ပါ။ 18 နှစ်အောက်ကလေးများအတွက် warning ပေးပါတယ်🔞🔞
မနေနိုင်မထိုင်နိုင် ဖတ်ပြီးမှောင်ရင်
တာဝန်မယူပါ🙂 )

Alpha က တော်တယ်!

Heat တက်နေတဲ့ အိုမီဂါ လေးကို
ထိုင်ကြည့်ရင်း သူနေမထိထိုင်မသာ
ဖြစ်နေသည်။

Omegaလေးရဲ့ အနားမကပ်နဲ့ဟူသော
တစ်ချက်လွှတ် အမိန့်ကြောင့်
အလှထိုင်ကြည့်နေရလေသည်။

အိုမီဂါလေးသည် သူ့ရဲ့ Pheromone ကို မထုတ်လွှတ်မိအောင် ထိန်းချုပ်ထားတာကြောင့် ထိုအကျိုးဆက်ဖြစ်တဲ့ နာကျင်မှု့ကို သူသာခံစားနေရသည် ။
Heat ဝင်နေချိန်မှာ Pheromone ထိန်းချုပ်ထားတာဟာ ခန္ဓာကိုယ် ကိုအလွန်ထိခိုက်စေပြီး ကိုယ်တိုင်က နာကျင်ခံစားလာရတာဖြစ်သည်။

ဂျောင်ကုကိုယ်တိုင်ကလည်း
အိုမီဂါ လေးရဲ့ mate ဖြစ်နေတာကြောင့် ယခုကဲ့သို့ ကြည့်မနေနိုင်တော့ ။
ဘယ်လိုပဲ Pheromone ကိုထိန်းချုပ်ထားပါစေ Mate Omegaလေး heat ဝင်နေမှတော့Mate Alpha အလိုလို ခံစားရပြီးသားပေါ့.. ။

"ပတ်ဂျီမင်..ငါကူညီပေးရမလား"

"မလာနဲ့.."

"မင်းဒီထိုင်းဆက်နေလို့တော့ မဖြစ်ဘူးလေ သင်္ဘောဆီကို ပြန်ရဦးမယ်"

"မ..လာ..နဲ့ "

အတော်လေးစိုးရိမ်နေပုံရသည့် Heat ဝင်နေသူလေးက နောက်သို့
တဖြည်းဖြည်း ဆုတ်သွားပြီး
အားအင်မရှိသယောင်
နောက်သို့လှဲကာမှီလိုက်သည်။ သူ့ပုံစံဟာ တစ်မျိုးတစ်ဖုံ စိတ်ချလက်ချဖြစ်နေပုံ။ ဘေးနားတွင် အယ်လ်ဖာတစ်ယောက်ရှိနေပါသော်လည်း သူထိတ်လန့်ကြောက်ရွံနေခြင်းအလျဉ်းမရှိဘဲ စိတ်ငြိမ်နေ၏။ ဒါဟာ ထိုအယ်လ်ဖာအပေါ် သူ၏စိတ်ချယုံကြည်ခြင်များလား။

တဆတ်ဆတ် တုံယင်နေသော ပန်းနုရောင်သန်းနေသည့် ကိုယ်ငယ်လေးကို ကြည့်ရင်း
ဂျောင်ကုရင်ထဲ အမည်မသိလှိုင်းလေး
ဖြတ်ပြေးသွားလေသည် ။ မျက်တောင်လေးတွေ မှေးစင်းကာ
ပါးမို့မို့လေး နှစ်ဖက်မှာ ပန်းရောင်သန်းလျက် ရှိရင်းစွဲထက်ပင် ပိုပြီး နုငယ်သွားသယောင်။ အိုမီဂါ လေးတွေ heat ဝင်ချိန်ဆို အရင်ကထက် ပိုပြီးလှပတတ်တယ်ဆိုတဲ့ စကားဟာ အလကားတော့ မဟုတ်။

ᗰᗩGᑎET (Completed)Where stories live. Discover now