အပိုင်း ၃

14.1K 1.3K 99
                                    

လျှို့ဝှက်ချက် (၂ )

​ဆေးရုံကို သွားတုန်းကတော့
Park Jiminကို အ​ကြောင်းစုံ
အမှန်တိုင်းပြောပြလိုက်မလို့ပါ ။
အခုတော့ လာရာလမ်းအတိုင်း
ပြန်လှည့်လာခဲ့တယ် ။

ရန်သူက ရန်ဘက်ဆိုပေမယ့်
အမှန်တိုင်းသိသင့်တယ်ထင်လို့
သွားပြောမလို့ဆုံးဖြတ်ခဲ့တာ ။
ဒါပေမယ့် သူ အခုမှပဲ နက်နက်နဲနဲ စဉ်းစားလိုက်တယ်။ အမှန်က ‘မင်းနဲ့အိပ်ခဲ့တာငါ’ လို့သွား ပြောလိုက်ရင်လည်း Park Jiminကပိုတောင် နာကြည်းသွားမယ်လို့ သူတွေးလိုက်မိသည် ။

JK တွေးတောနေသည်က
အကယ်၍ ထိုနေ့ညက ဟို၅ယောက်မဟုတ်ဘဲ သူနဲ့ဖြစ်ပျက်ခဲ့တာမှန်းသာ
Park Jiminသိရင် ပိုပြီးနာကြည်းသွားမလား ဆိုသည်ကိုပင် ။ထို့ကြောင့် သူ မပြောတော့ရန် ဆုံးဖြတ်လိုက်သည် ။ ထိုအတွေးလေးတစ်ချက်က Park jiminရဲ့ အရာအားလုံးဆိုတာ သူသတိမထားမိခဲ့ပါ။

သူတို့ဟာ ငယ်စဉ်ကတည်းက တစ်ယောက်ကိုတစ်ယောက်မုန်းတီးလာခဲ့ကြတာ။ မျက်နှာချင်းဆိုင်တာနဲ့ ခနဲ့တယ်။ ပြိုင်ဆိုင်တယ်။ လှောင်ပြောင်တယ်။ ပြီးရင်ရန်ဖြစ်ကြပါရော။ ရစ်ဖြစ်ရင်လည်း သူမညှာ ကိုယ်မညှာ။ သူတို့ရန်ဖြစ်လာတဲ့ သက်တမ်းကပင် နှစ်ချီနေပြီ။ သူတို့ကြား မကျေနပ်ချက်တွေ အမုန်းတွေက မနက်နဲပေမယ့် အချိန်ရှည်ကြာစွာ တည်ရှိနေခဲ့တာ။

အိပ်ရာပေါ်က ကိစ္စတစ်ချို့ကိုလည်း စကားစစ်ထိုးပြီး အနိုင်လုဖူးသည်များလည်းရှိသည်။ မင်းလိုကောင်နဲ့ အိပ်မယ့်အစား လည်ဖြတ်ပြီးသေလိုက်မယ်၊ မနှစ်မြို့စရာ၊ ရွံဖို့ကောင်းတယ် အစရှိသော ထိုးနှက်မှု့များဖြင့် တစ်ဖက်သားကိုနာအောင် ထိုးနှက်ပြောခဲ့ကြသေးသည်။

ထိုအချက်များကို သူပြန်စဉ်းစားကြည့်မိတဲ့အခါ ပတ်ဂျီမင်က သူနဲ့အိပ်ခဲ့တာကို ဘယ်လိုလုပ်ပြီးလက်ခံနိုင်မှာမဟုတ်ကြောင်းတွေးမိသည်။ သူက ထပ်ပြီး ရွံဖို့ကောင်းတယ် ဘာဘာညာညာ စကားစစ်ထိုးလာအုံးမှာ။ သူများအပြောအဆိုခံရတာကို လုံးဝမကြိုက်သည့်သူမို့ သူဘယ်လိုမှ ထိုဖြစ်ရပ်ကို သည်းမခံနိုင်ပါ။

ᗰᗩGᑎET (Completed)Where stories live. Discover now