Mate Alphaကို သူတဲ့လား!
"Jimin.."
နောက်ကျောဘက်ဆီမှ အစ်ကို့၏ခေါ်သံကြောင့် သူ့ခြေလှမ်းတို့ရပ်တန့်မိလိုက်သည်။ စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်ပြီး နောက်သို့လှည့်ကြည့်လိုက်တော့ အနောက်တိုင်း suitဝတ်စုံဖြင့် အစ်ကို့ကိုမြင်ရသည်။ သူပျောက်သွားလို့ ရုံးကနေချက်ချင်းထလာပြီး ရှာပုံရသည်။
မိမိမှာ အပုန်းကောင်းသော်လည်း
အစ်ကိုဖြစ်သူဟာ သူ့ကိုအမြဲရှာတွေ့လေ့ရှိစမြဲ ။Mask ကိုပါးပြင်ထက် ဆွဲတင်ကာ
ဦးထုပ်ကို ခပ်ငိုက်ငိုက်စောင်းပြီး
ထိုနေရာမှ အမြန်ပြေးထွက်လာခဲ့သည်။ ကျစ်...ဘယ်လိုဖြစ်လို့ ဒီနေရာကိုသိနေရပြန်တာလဲ..။"Jimin...jimin "
Kim က ဂျီမင်ရဲ့နောက်သို့ ပြေးလိုက်ကာလက်ကိုဆွဲလိုက်ပြီး..
"ထွက်မပြေးနဲ့တော့..။အစ်ကိုမင်းကို
ချူပ်မထားတော့ပါဘူး။အခု အစ်ကိုနဲ့ခဏလိုက်ခဲ့ပေးနော်""ထပ်ပြီး ကျွန်တော့်ကိုလိမ်အုံးမလို့လား"
"မဟုတ်ပါဘူး.. အစ်ကိုကတိပေးတယ်
အစ်ကိုနဲ့ ခဏပဲလိုက်ခဲ့ပေး "နောက်ဆုံးတော့လည်း သူ့မှာ အစ်ကိုဆွဲခေါ်ရာနောက် ပါသွားခဲ့ရပြန်ပြီ။
"မသွားနိုင်ဘူး။ ဘာကိစ္စ နဲ့ ကျွန်တော် ကအောက်ကျခံပြီး သူ့အိမ် သွားနေရမှာလဲ"
"ညီငယ် အစ်ကိုပြောတာနားထောင်ပါအုံး.."
"တော်ပါတော့...သူကျွန်တော့်အပေါ်ဘယ်လိုလုပ်ခဲ့လဲ အစ်ကိုအသိပဲ
အစ်ကို ကျွန်တော့်ကိုဘာရည်ရွယ်ချက်နဲ့များ အဲ့အိမ်ကို ပို့ချင်ရတာလဲ"ဒီကိစ္စကို ဂျီမင်လွယ်လွယ်နဲ့လက်ခံမှာမဟုတ်ဘဲ သူသိသည်။ ထို့ကြောင့် သေချာလေးနားချဖို့အတွက်လည်း သူကြိုပြင်ထားခဲ့သည်။
"ညီငယ် မင်းရဲ့ mate Alpha Pheromone ကိုလိုအပ်တယ်လေ။
မဟုတ်ရင် မင်းဆက်ပြီး နာကျင်နေရလိမ့်မယ်""ကျွန်တော့် Mate alpha Pheromone နဲ့ သူနဲ့က ဘာဆိုင်..."
ဂျီမင်မှာ စကားအဆုံးထိ မပြောနိုင်ဘဲ
ရပ်တန့်သွားတော့သည်။ ကင်မ်ရဲ့စကားကို အလုံးစုံနားလည်ဖို့ရာ တခဏအချိန်ယူလိုက်ပြီး သူက မယုံသင်္ကာမျက်ဝန်းတွေဖြင့် ကင်မ်ကိုကြည့်ရင်း ခဏအကြာ မေးခွန်းထုတ်လိုက်သည်။
YOU ARE READING
ᗰᗩGᑎET (Completed)
Fanfictionမာနတွေ ပြိုင်ကြရင်း... ခါးသက်လွန်းတဲ့ မင်းရဲ့နှုတ်ခမ်းတွေကိုစွဲလမ်းမိသွားခဲ့တော့... မှတ်ချက် _ အပိုင်း(၁)ပဲ ဖတ်ပြီး လှည့်မပြန်ပါနဲ့ <( ̄︶ ̄)> ABO World M preg Fantasy Fanfiction KooKmin Start -2021 November