အပိုင်း ၄၅ 🚨🚨

20.4K 1K 208
                                    

Warning 21++🙋🙋
(ဒီအပိုင်းလေးက အတော်ကြမ်းပါတယ်။ ကိုယ်ရေးခဲ့တုန်းက ဘယ်လိုစိတ်ကူးနဲ့ရေးခဲ့တာလဲတောင် မသိဘူးရယ်🤧 ကိုယ့်ဘာသာကိုယ်တောင် ပြန်မဖတ်ရဲလို့ ဒီတိုင်းတင်ပေးလိုက်ပါတယ်ရှင့်)

မိနစ်၃၀အကြာမှာ ဟိုဆော့သည်
ရေချိုးခန်းထဲမှ ထွက်လာခဲ့သည် ။
ထင်တဲ့အတိုင်းပဲ ကင်မ် မရောက်လာခဲ့ဘူး။

ဟိုဆော့ရဲ့မျက်နှာမှာ မိုးပြိုတော့မလိုပင်
ညှိုးငယ်သွားပြီး အင်္ကျီချွတ်နဲ့ ထိုင်နေတဲ့
ကောင်လေးနှစ်ယောက်ကို..

"ငါနဲ့တကယ်အိပ်မလို့လား"

"ဘာလို့လဲ "

"တကယ်တော့ ၊ ငါ့မှာAIDSရှိတယ်"

သူထိုသို့ပြောတော့ ကောင်လေးနှစ်ယောက်ဟာ မျက်လုံးပြူးသွားပြီး

"ဒါဆို ပြန်လိုက်ပါအုံးမယ် ။ စောစောစီးစီးကြိုပြောပေးလို့ ကျေးဇူးပါဗျာ ။ စိတ်ဓာတ်မကျနဲ့နော်
အသက်ရှင်လို့ရပါသေးတယ်"

ကောင်လေးတစ်ယောက်က ထိုသို့ပြောပြီး
အမြန်ပင် အခန်းထဲမှ လစ်တော့သည် ။‌
နောက်တစ်ယောက်ကလည်း မချိပြုံးလေးပြုံးကာ အခန်းထဲမှ
အမြန်ပင်ထွက်သွားတော့သည်။

ဟိုဆော့သက်ပြင်းချလိုက်ပြီး
အိပ်ယာပေါ် ပစ်လှဲလိုက်တော့သည် ။
ကျွန်တော်ကပဲ မဖြစ်နိုင်တာ မျှော်လင့်မိနေတာပဲ ကင်မ်။
ခင်ဗျားက တကယ်ကိုရက်စက်တယ် ။
ခင်ဗျားကိုရ‌အောင်ရှာမယ်လို့
ဆုံးဖြတ်ထားပေမယ့် အားမရှိတော့ဘူး။
ပင်ပန်းတယ်။

အမြဲတမ်း ကျွန်တော်ကပဲချစ်ပေးပြီး၊
ကျွန်တော်ကပဲ ခင်ဗျားလိုက်ရှာနေခဲ့ရတတယ် ။
ခင်ဗျားအပေါ် ဝဋ်ကြွေးတွေရှိနေခဲ့လို့များလား ။

အိပ်ယာပေါ်မှ အားယူကာ ထလိုက်ပြီး
အခန်းပြင်သို့ ထွက်လာခဲ့သည် ။
ထွက်လာပြီးချင်း တွေ့လိုက်ရတာက
Alex ကို ။
Alex ကလည်း သူ့ကိုမြင်တော့
လန့်သွားပုံရသည် ။

"အစ်ကို ဘယ်လိုလုပ်ဒီကို"

"တွဲရအောင်"

"ဗျာ...တွဲ..တွဲမယ်!!"

"အင်း ။ တွဲရအောင်  "

"အစ်ကို တကယ်ပြောနေတာလား"

ᗰᗩGᑎET (Completed)Where stories live. Discover now