အပိုင်း ၃၁

16.5K 1.3K 230
                                    

မဖြစ်နိုင်ဘူး! Kimက မသေဘူး!

ဖေဖေလေးက မနေ့ကကိစ္စအား သူ့ကို
ပြန်မေးလာသည်မို့ ကိစ္စအားလုံးကို အမှန်အတိုင်း ပြောပြလိုက်သည် ။
ဆက်ပြီးလည်း မလိမ်ညာချင်တော့ဘူး။

အလုပ်လုပ်နေသည့် Sun ဘေးနားဝင်ထိုင်လိုက်တော့ Sunကမေး၏ ။

"ဂျောင်ကု ဖေဖေလေးက ဘာပြောလဲ"

"ဘာမှတော့သိပ်မပြောဘူး ဘာလို့အချိန်အကြာကြီး ဖုံးကွယ်ထားတာလဲဆိုပြီး စိတ်ဆိုးဆိုးနဲ့တော့ပြောတယ် အခု နည်းနည်းတော့ စိတ်ဆိုးနေတယ်"

ဂျောင်ကု ရဲ့စကားကြောင့် Sun က
ဒီဇိုင်းရေးဆွဲနေရာမှ ခဲတံကိုချလိုက်ပြီး
‌ဂျောင်ကုဘက်လှည့်ကာ ပြောလိုက်သည် ။

"အင်း သူလည်းစိတ်ဆိုးမှာပေါ့ ငါတို့က အကြာကြီးလိမ်ညာထားမိတာကို"

"အဖေ‌ ပြန်လာရင်လည်း အမှန်တိုင်း ဖွင့်ပြောလိုက်တော့မယ်"

"ငါလည်း သဘောတူတယ် ဦးလေးJeonကို
ကြာကြာဆက်လိမ်ထားလို့မှမရတာ"

"Sun မင်းအိမ်ထောင်ပြုမလား"

"ဟမ် ၊ဘယ်လို"

"ငါ ကြင်ဖက်တွေ့ပေးရမလား "

"ဟေ့ကောင် ဂျွန်ဂျောင်ကု မင်းကငါ့ကိုပ့ထုတ်ချင်တာလား
မင်း ပတ်ဂျီမင်နဲ့လက်ထပ်ချင်လို့မလား"

Sun က ရယ်ကာ ရွှတ်နောက်နောက် ပြောလိုက်သော်လည်း ထိုသို့ မထင်စေချင်တာ‌ကြောင့် ချက်ချင်းပြန်ပြောလိုက်မိသည် ။

"မဟုတ်ဘူး Sun ၊ငါအဲ့လို သဘောမျိုးနဲ့ပြောတာမဟုတ်ဘူး
မင်းဘဝအတွက် လက်တွဲဖော်ကောင်းလေး‌ရှာပေးချင်တာ
ငါသာ ဂျီမင်နဲ့လက်ထပ်လိုက်ရင်
မင်းတစ်ယောက်တည်း ကျန်ခဲ့လိမ့်မယ်
ဒါမှမဟုတ် ကင်ထယ်ယောင်းနဲ့.. "

သူ့စကားမဆုံးသေး ၊Sun က ချက်ချင်းဖြတ်ပြောသည် ။

"တော်..မလိုဘူး ငါ့ဘဝအတွက်
ကင်ထယ်ယောင်းကိုမလိုအပ်ဘူး
တခြားဘယ်သူ့ကိုမှလည်းမလိုအပ်ဘူး
ငါတစ်ယောက်တည်း နေတတ်တယ်"

Sunရဲ့ လေသံဟာ အနည်းငယ်မာကျောနေပြီး
မခံမရပ်နိုင်သည့် ဒေါသစိတ်တို့ ခိုအောင်းနေသည်။

ᗰᗩGᑎET (Completed)Where stories live. Discover now