အပိုင်း ၁၁

3.9K 196 3
                                    

(unicode)

..📱..(ဖုန်းသံ)..📱...

မြည်လာသော ဖုန်းထံကြည်လိုက်လျှင် contact name ၌ ဒေါ်ပပသိင်္ဂီဟု ထင်ရှားစွာပြနေလေသည်။

" Hello×2 "

" အမေပါ သား "

"......."

" ညနေ့ကျရင် ပွဲတစ်ပွဲတတ်ဖို့ရှိတယ်။ လိုက်ခဲ့ရမယ်နော် "

" ကျွန်တော် မလိုက်ချင်ဘူး၊  ဝတ်စုံလည်း ပြင်ထားတာမရှိဘူး၊ စီးပွားရေးကိစ္စတွေလည်း စိတ်မဝင်စားဘူး "

" ဝတ်စုံပို့လိုက်မယ်၊ ပြင်ဆင်ပြီး စောင့်နေ "

" အသစ်စက်စက်အမျိုးသားကိုပဲ ခေါ်သွားလိုက် ပါလား "

" သူကငါ့အမျိုးသားဆိုတာ မှန်တယ်၊ ဒါပေမယ့် ငါအမွေပေးခဲ့ရမယ်သူမှ မဟုတ်တာ၊  ညနေ့လာခေါ်မယ်။ အသင့်ပြင်ထား သော်လင်း၊ အတွန့်တတ်မနေနဲ့  "

ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့်သာ ဒေါ်ပပသိင်္ဂီဖုန်းချသွားခဲ့လေပြီး။ စိတ်ရှုပ်ရလေအုန်းမည်။ ဟိတ် ဟန်အပြည့်ဖြင့်မိတ်ဆက်ကြသော စီးပွားရေးနှင့်ပတ်သက်သောပွဲပင် ဖြစ်အုန်းမည်ထင်ပါ၏။

...ဒေါက်..ဒေါက်ဒေါက် (တံခါးခေါက်သံ)

တံခါးဖွင့်လိုက်လျှင် ဝတ်စုံလာပို့သူနှစ်ယောက်ကို အထုပ်ကိုယ်စီဖြင့် တွေ့လိုက်ရပေသည်။ လာပို့သော ဝတ်စုံနှင့် ဖိနပ်ဘာညာအစုံကို ယူလိုက်ပြီး တံခါးပြန်ပိတ်လိုက်သည်။ ထို့နောက်တော့လည်း...

ပွဲတစ်ခုလုံး၌ ဟိုလျှောက်၊ ဒီလျှောက်ဖြင့် သား သမီးများကို ပွဲထုတ်မိတ်ဆက်နေကြသူများ၊ လုပ်ငန်းအကျိုးအမြတ်အကြောင်း စကားစနေသူများသည် ဟိုတစ်စု၊ ဒီတစ်စုရှိနေကြသည်။ စွယ်သော်လင်းလည်း ထောင့်ကျကျစားပွဲတစ်ခုကိုရွေးလျက် သောက်စရာတချို့ဖြင့် ရှိနေသည်။ ဒေါ်ပပသိင်္ဂီမှာတော့ သားဖြစ်သူအား ပွဲထုတ်ပြီးချိန်ဖြစ်၍ လုပ်ငန်းအကြောင်းများပြောဆိုလျက် သားဖြစ်သူစွယ်သော်လင်းရှိရာ စားပွဲဘက်သို့
မကြာမကြာလှမ်းကြည်တတ်လေသည်။

" ညောင်းလိုက်တာ ဟူး..."

ညောင်းနေပြီးဖြစ်၍ တစ်ယောကိတည်းကြားနိုင်ရုံအသံဖြင့် တိုးတိုးညည်းညူလိုက်သည်။ ပွဲအ တွင်းရှိ ဟိုတစ်စု၊ ဒီတစ်ခုလူများကို ကြည်၍ စိတ်အိုက်လာရပြန်သည်။ စီးပွားရေးလုပ်ငန်းရှင်တော်တော်များများ တတ်ရောက်ကြသော ပွဲ ဖြစ်၍ စီးပွားရေးလောက၏ top 1;  XZ အုပ်စုရဲ့ဥက္ကဋ္ဌလည်း ဒီနေ့လာမည်ဟု ကြားထားသည်။

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now