"Duty Of Love"
( Uni )
(Ep-4)
"ကြီး၀ီ ကြီး၀ီ"
"ဘာဖြစ်လာတာလဲ မယ်ဖော့"
စျေးခြင်တောင်းလေး ဆွဲရင်း လက်မှာလဲ သတင်းစာလေး ကိုင်ကာ အမောတကော ခေါ်မူကြောင့် ကြီး၀ီ မေးလိုက်သည်"ဒီမှာ ကြီး၀ီ သတင်းစာကို ကြည့်ပါဦး"
"ဘာတဲ့တုနိး ငါမျက်စိက မှုန်နေပြီး ဖတ်ပြစမ်း မယ်ဖော့"
"ဟုတ်ကြီး၀ီ"
"ချင်းမိုင်မြို့ လမ်းကွေ့တစ်နေရာတွင် ကားမတော်တဆ တိုက်ခိုက်မူမှာ လူ၂ယောက် သေဆုံးတဲ့""ညည်းကလဲ ဘာမှန်းလဲလို့အေး"
"ကြီး၀ီကလဲ မယိဖော့က ဖြစ်လို့ပြောတာပေါ့ ဒီမှာ သေချာကြည့် ဒါ ကိုလေးMew ကားမဟုတ်လား"
"ပြစမ်း ပြစမ်း" "ဟမ်း ဒါ ဒါ သားMewကားပဲ ဘယ်လိုဖြစ်တာလဲ"
"ကြီး၀ီ မယ်ဖော့တို့ ဘယ်လိုလုပ်မလဲ Tarလေးကလဲ ပျောက်နေတယ် ပြီးတော့ ကိုလေးကလဲ"
မယ်ဖော့ သတင်းစာလေး ကိုင်ကာ ကြီး၀ီလက်ကလေး ကိုင်ရင်း ၀မ်းနည်းခြင်း မျက်ရည်များ ပါပြင်ပေါ်သို့ စီးကျလာသည် ကြီး၀ီလဲ ဘာမှမပြောနိင်တော့ပဲ ထိုနေရာမှ ဆွံအသွားကာ အတိုင်းမသိ မျက်ရည်များ ကျလာသည်
"ကြီး၀ီ ကြီး၀ီ မယ်ဖော့တို့ ဘာလုပ်မှာလဲ အိမ်ရှင်တွေမရှိတော့ဘူး ဆိုတော့ မယ်ဖော့တို့ အိမ်ပြန်ရတော့မှာပေါ့နော်"
"ဘယ်လိုဖြစ်ရတာလဲ သူဌေးတို့ဆုံးတာ လပိုင်းပဲ ရှိသေးတယ် သားဖြစ်တဲ့ သူတွေကလဲ ၁ယောက်ကပျောက် ၁ယောက်က သေသလား ရှင်သလားမသိ"
2 week later
"ဟမ်း " "အ့ကောင်လေးကို အိမ်မှာခေါ်ထားမယ် ဟုတ်လား"
ဒေါ်မာလာ ဦးကနာစကားကြောင့် အလန့်တကြား အော်လိုက်မိသည်
"မေကြီးကလဲ ဘာလို့အော်နေတာလဲ သူများတွေကြည့်ကုန်ပြီး"
"ဒီမှာ ဖေကြီးပြောလို့ မေကြီးတို့ သူအသက်ကို ကယိခဲ့ပြီးလေ ခုကဘာကိစ္စ အိမ်ကိုခေါ်ထားရဦးမှာလဲ"