( Uni )
"Duty Of Love"
(Final Ep Part-1)
"Gulf ကိုတို့ရေကူးရအောင်"
သောင်းစပ်မှာ လေညင်းခံထွက်ရင်း နေကလဲ သာသဖြင့် ၀န်ထမ်းအချို့ကလဲ ပင်လယ်ထဲ ပျော်ပျော်းပါးပါး ကစားနေတာတွေ့၍ Gulfမှန်း ရေကစားချင်နေမလားဆိုပြီး Mewမေးဆက်ကာ ပြောလိုက်သည်
"ကျွန်တော် မကူးချင်ဘူး Phiကူးချင်ရင်သွားလေ ကျွန်တော်ဒီနားက စောင့်နေမယ် "
လူတွေကလဲများ ရှက်ကလဲရှက်သဖြင့် ဒီလိုသောင်းစပ်မှာ လမ်းလျှောက်တာတောင် ဟိုလူကကြည့် ဒီလူကကြည့်နဲ့ ရေထဲသာရေကူးဆင်းမယ် ဆိုရင် ဘယ်လိုမျက်စိတွေနဲ့ လိုက်ကြည့်မလဲဆိုပြီး တွေးရင်းနဲ့ကြက်သီးထ၍ မျက်နာလေးရှုံမဲ့ကာ ဖြေလိုက်သည်
"ဘာလဲ Gulfကရှက်နေတာလား"
"မဟုတ်ပါဘူး Phiကလဲ သွားကူးရင်းကူးလေ ကျွန်တော်ဒီနားက စောင့်မယ်"
"အင်း အ့ဆိုPhi သွားကူးလိုက်ဦးမယ်"
"အင်း"
Gulf ခေါင်းလေးညိမ့်ပြလိုက်ပြီး ထိုနားကသောင်ပြင်လေးပေါ် ဖင်ထိုင်လျက်ထိုင်ချလိုက်သည် ထိုချိန်Mewကလဲ ၀တ်လာတဲ့ အသားရောင်တီရှက်လေးကို ခါးလောက်ကနေမပြီး ချွတ်လိုက်သည်
Gulfသူလူကြီးရဲ့ ကျောပြင်ကျယ်ဖွေးဖွေးကြီးကို နောက်ကနေမျက်တောင်မခက် လိုက်ကြည့်နေမိသည် သူလူကြီး Body Structureကို အလွတ်မှတ်မိပေမဲ့ သူနဲ့ဆက်ဆံတဲ့အခါတွေက ညပိုင်းတွေဆိုတော့ ခုလိုနေ့ခင်းပိုင်း အထင်သားကြီး မြင်ရတော့ မမြင်ဖူးသဖွယ်လို ဖြစ်နေသည်
Mewလဲ အကျီချွတ်ပြီး လေကောင်းလေသန့်လေးကို လက်နစ်ဖက်ဆန်တန်းပြီး မျက်နာကိုမော့ကာ ရူရှိုက်ပြီး လက်မှာကိုင်ထားတဲ့အကျီကို Gulfကိုလှည့်ပေးရန် လုပ်နေချိန် Gulfက သူBodyကို ကြည့်ပြီးတံတွေး မျိုချနေသဖြင့် MewသူBodyကို ပြန်ကြည့်ပြီး ခပ်ရေရေလေး ပြုံးလိုက်သည်
"Gulf Gulf Gulf"
Mewက ခေါ်နေပေမဲ့လဲ Gulfက သူအကြည့်ကိုမလွဲနိင်ပဲ စူးစူးစိုက်စိုက်ကြည့်နေသည် Mewလဲ သူရပ်နေတဲ့နေရာမှာ Gulfရှိရာဆီ ၁လှမ်းချင်းလျှောက်လာသည်