( Uni )
"Duty Of Love"
(Ep-16)
အဖြူရောင် လက်ရှည်အကျီကို အမဲရောင် စတိုင်ဘောင်ဘီနှင့်တွဲ ၀တ်ကာ နဖူးစပ်နားတွင် ဒဏ်ရာရထားတဲ့နေရာကို ပလပ်စတာလေးသာ ကပ်ထားပြီး ယုံကြည်မူရှိတဲ့ ခြေလှမ်းများနှင့် M.T.S ကုမ္ပဏီရဲ့ နယ်မြေများကို ကျူးကျော်၀င်ရောက်လာတဲ့ ခြေလှမ်းများ အပြုံးအရယ် ကင်းမဲ့ပြီး တည်တံသော မျက်နာထားကို မြင်ဖူးသဖြင့် လိုက်ကြည့်နေကျသော ၀န်ထမ်းများ၏ မျက်လုံးများ
အားလုံးထိုလူသားကို လိုက်ကြည့်ကာ အာမေဋိတ်သံပင် ကျယ်ကျယ်မထွက်နိင်လောက်အောင် အရမ်းကို တည်ကြည်ခန့်ညားလွန်တဲ့လူသား အကြည်တွေက စူးရှပြီးလူ၁ယောက်ကို စိုက်စိုက်ကြည့်ရုံဖြင့် ထိုလူသားကိုပင် ဦးညွန့်ရမည်ဖြစ်သည် သူတို့အတွေးတင် သေရွာကပြန်လာပြီး တစ်ဖန်အသက်ပြန်၀င်လာတဲ့ M.T.S ကုမ္ပဏီ၏ အမွေဆက်ခံသူ MewSuppasitဆိုတဲ့ လူသားပင်ဖြစ်သည်
"ဆရာအားလုံး အဆင့်သင့်ဖြစ်ပါပြီး"
အစည်းအဝေး လုပ်ရနိ အားလုံးအဆင့်သင့်ဖြစ်နေ၍ Lhong Mewကိုပြောလိုက်သည်
"အ့ဆို အစည်းအဝေး ခန်းမထဲသွားရအောင်"
"ဟုတ်ဆရာ"
Lhong Mewပါလာသော ဖိုင်တွဲများကို ကိုင်ဆောင်ရင်း Mewအနောက်မှ ထပ်ချက်မခွါလိုက်ကာ အားလုံးအသင့်ဆောင့်နေသော အစည်းအဝေးခန်းမထဲကို ၀င်ခဲ့လိုက်သည်
"အားလုံးပဲ မဂ်လာပါ"
အစည်းအဝေးခန်းမတွင် တစ်ယောက်တစ်ခွန်းနဲ့ ပေါက်ပေါက်ဖောက်နေသော ရှယ်ယာရှင်များ အသံကြားရကို ကြည့်လိုက်တော့ မထင်မှတ်ထားတဲ့သူ ဖြစ်တော့ မျက်လုံးများပြူးကာ ပါးစပ်ပင်မပိတ်နိင်ကြပေ"
"မင်း မင်း မင်းက"
"ဟုတ်ပါတယ် ကျွန်တော် ဦးရမ်နာ ဒေါ်ကေသီတို့၏ သားကြီး M.T.S ကုမ္ပဏီ အမွေဆက်ခံနေတဲ့ Mew Suppasitပါ"
"ဘယ်လိုဖြစ်ပြီး မင်း"
"ဒီကိစ္စကို ရှင်းပြရရင် အရှည်ကြီးပါ အ့တော့ အစည်းအဝေးလေး စရအောင်"
"Lhong ငါယူလာခိုင်းတဲ့ ရှယ်ယာရှင် စာရင်းလေးပေးပါ"
![](https://img.wattpad.com/cover/281653790-288-k94958.jpg)