( Uni )
"Duty Of Love"
(Ep-22)
"Gulf Gulf"
ဓာတ်မတည့်တဲ့ seafoodတွေ စားပြီး သတိလစ်သလိုဖြစ်နေတဲ့ Gulfကိုယ်လုံးလေးကို ကားထဲမှ ဆွဲထုတ်ကာ သူအရပ်နဲ့မတိမ်းမရိမ်း ၆ပေကျော်အရပ်ကြီးကို ဆွေခနပွေ့ချီလိုက်ကာ Gulf အခန်းထဲခေါ်သွားလိုက်သည်
အခန်းထဲရောက်တော့ Gulfရဲ့ခန္ဓာကိုယ်လေးကို အိပ်ယာပေါ် အသာအယာချ လိုက်ပြီး Gulfဘေးနားခန၀င်ထိုင်လိုက်သည်
"မင်း seafoodနဲ့ဓာတ်မတညိ့တာကို ဘာလို့ငါမပြောတာလဲ ဟူးးးးးး"
Gulfရဲ့ ခန္ဓာကိုယ်နေရာအနှံမှာ ရှိတဲ့အနီပြောက်လေးတွေ ကြည့်ပြီး Mewသက်ပြင်းချလိုက်မိသည် ပြီးတော့ Gulfကို ကိုယ်လက်သန့်ရှင်းလေးလုပ်ကာ အ၀တ်အစားလှဲပေးရင်း လည်းပင်မှာရှိတဲ့ Sun&Sunflower လည်ဆွဲကိုမြင်သွားပြီး တွေးဝေစွာကိုင်ကြည့်ရင်း အသိ၀င်လာကာ ပြုံးလိုက်မိသည်
"မင်းက ဒီလည်ဆွဲလေးကို ခုထိဆွဲထားတုန်းပေါ့ "
လည်ဆွဲလေးကိုကြည့်ရင်း Gulfနဖူးစမှာ ကျနေတဲ့ ဆံစလေးကိုသပ်တင်ပေးလိုက်ပြီး ခန္ဓာကိုယ် အနှံအနီပြောက်လေးတွေကို ဆေးလိမ်းပေးရန် ဘေးဘက်ကို ဝှေ့ကြည့်လိုက်တော့ ပန်းအိုးထဲမှာ ၁ပွင့်ထဲရှိနေတဲ့ နေကြာပန်းလေးကို Mewကြည့်ကာထပ်ပြုံးလိုက်မိသည် ဆေးဗူးလေးယူကာ Gulfရဲ့အနီပြောက်လေးတွေကို လိမ်းပေးပြီး အခန်းပြန်ရန်ထလိုက်သည်
"Phi ကျွန်တော်ကို ၁ယောက်ထဲ ထားမသွားပါနဲ့"
မျက်လုံးမပွင့်ပဲ ကယမ်းကတမ်းပြောပြီး သူဘေးနားကထရန်ပြင်လိုက်တဲ့ Mewလက်ကိုဆွဲကာ ပြောလိုက်သည် Mewထရာကနေ ပြန်ထိုင်လိုက်ပြီး Gulfမျက်နာပြင်လေးကို သူလက်နဲ့အုပ်မိုးကိုင်လိုက်သည်
"ကိုမင်းဘေးနားကနေ ဘယ်ကိုမှထွက်မသွားတော့ပါဘူး My Sunflower"
Gulfရဲ့ နဖူးလေးကို ညင်သာစွာနမ်းလိုက်ပြီး သူလဲGulfဘေးနား၀င်ကာ Gulfရဲ့ကိုယ်လုံး၁ခုလုံးကို သိမ်းကြုံဖက်လိုက်သည် Gulfကလဲ ကလေးလေး ၁ယောက်လိုMewရဲ့ ရင်ခွင်ထဲအတင်း၀င်ကာ ၁နှစ်တိတိဆာလောင်ခဲ့ရသော သူလူကြီးရဲ့ရင်ခွင် အငွေ့အသက်ကို အပြည့်အ၀ခံစားကာ ၂ယောက်သား ၁ယောက်ကို၁ယောက် တင်းကြပ်စွာ ပွေ့ဖတ်ရင်း နှစ်ခြိုက်စွာ အိပ်ပျော်သွားကြလေသည်