( Uni )
"Duty Of Love"
(Ep-9)
"ဟဲ့ ဖိုင်း အကိုက ဘာဖြစ်နေတာလဲ ငါ့တို့ကိုစကားလဲ မပြောဘူး"
ဆိုင်ထဲ စားပွဲတစ်ခုမှ အလုပ်အတူတူလုပ်နေရင်း အရင်လိုMay ရယ်စရာတွေ ပြောနေပေမဲ့ Mewဘက်က တုံပြနိမူ မရှိတဲ့ ကျောက်ရုပ်ကြီး တစ်ရုပ်လို တုပ်တုပ်မှ မလုပ်ပဲသူလုပ်စရာကို အာရုံစိုက်လုပ်နေသောကြောင့် Mayဖိုင်းကို တီးတိုးမေးလိုက်သည်
"Gulfနဲ့ ရန်ဖြစ်ထားတာ ထင်တယ် မနေ့ညက ငါ့သူတို့အခန်းရှေ့က ဖြတ်သွားရင်း ၁ယောက်၁ခွန်းနဲ့ ပြောနေကြတာ"
"ဟုတ်လား အ့ကြောင့်ကို"
"ဟဲ့ဖိုင်း ဒါနဲ့သူတို့က ဘာတွေလဲ""ငါလဲ မသိဘူး ဘာလဲ ညည်းလဲငါတွေးသလို တွေးနေတာလား"
"ဟုတ်တယ် သူတို့ကအ့လိုပုံစံကြီးကို"
"ဟိုမှာ ပြောရင်းဆိုရင်း ညည်းမောင်တော်ရောက်လာပါပြီး"စက်ဘီးလေးကို အရပ်ကလန့်ကလားနဲ့ စီးလာတဲ့ Gulfကို ဆိုင်ထဲကနေ Mayတွေ့လိုက်၍ ဖိုင်းကိုမှေးငေါ့ ပြလိုက်သည်
"မမ မေကြီးရော"
"နောက်ထဲနေမှာ"
ဆိုင်ထဲ၀င်လာတာတွေ့၍ Mewကပြုံးပြ ပေမဲ့ Gulfကမမြင်ချင်ယောင် ဆောင်ပြီး ဖိုင်းကို ဒေါ်မာလာရှိရာ မေးလိုက်သည် Mayနဲ့ဖိုင်းလဲ Mewကိုကြည့်လိုက် Gulfကိုကြည့်လိုက်နဲ့ ခေါင်းလှည့်ချာရိုက်နေသည်
နောက်ဆုံး Gulf Mewကို မသိချင်ယောင် ဆောင်သွားသဖြင့် Mewမျက်နာပျက်သွားတာ သိ၍ May Mewလက်ကို ကိုင်ပြီး စနောက်နေလိုက်သည်
Gulf Mewကို မနေနိင် မထိုင်နိင်စွာ နောက်ပြန်လှည့်ကြည့်တော့ Mayနဲ့စကားတွေ ပြောပြီးရယ်မောနေတာ တွေ့တော့ စိတ်ထဲ ဒေါသများထွက်ကာ ဒေါ်မာလာရှိရာ ၀င်သွားသည်
"ဟဲ့ သားဘာဖြစ်လာတာလဲ"
ဒေါ်မာလာ သားဖြစ်သူ ၀ုန်းကနဲ့ ဒိုင်းကနဲ့ ၀င်လာတော့ စိတ်ပူစွာ မေးလိုက်သည် ဒေါ်မာလာလဲ သားဖြစ်သူ ဒီလိုဒေါသထွက်တာ မမြင်ဘူး၍ ဆိုင်ထဲကိုလှမ်းကြည့်လိုက်တော့ Mewတို့ ရယ်မောနေတာတွေ့ကာ ခေါင်းလေးညိတ်ရင်း Gulfဘေးနား၀င်ထိုင်လိုက်သည်