( Uni )
"Duty Of Love"
(Ep-24)
"Gulf စားမကောင်းလို့လား"
"မျက်နာလဲ မကောင်းဘူး နေမကောင်းလို့လား Gulf"Gulf ထမင်းပန်ကန်ကြီး ရှေ့ချပြီး ထမင်းမစားပဲ ငူငူငိုင်ငိုင်နဲ့ ထိုင်နေ၍ Champ Gulfမျက်နာကိုကြည့်ကာ မေးလိုက်သည် Champအသံကြားမှ တွေးနေတဲ့အတွေးကိုရပ်ပြီး မော့ကြည့်ပြီး fake smileလေးဖြင့် Champကို ပြုံးပြလိုက်သည်
"Gulf P'Mewနဲ့ ရန်ဖြစ်လာလို့လား"
"မဟုတ်ဘူး Rose"
"အ့ဆို Gulf မင်းဘာဖြစ်နေတာလဲ မင်းပြောပြချင်ရင် ငါ့တို့ကို ပြောပြလို့ရတယ်လေ"
"Champ နဲ့ Rose"
"ပြောလေ Gulf"
"မင်းတို့အမြင် ငါကPhiကို ချမ်းသာလို့ ကပ်နေတဲ့ ကောင်လို့ထင်လား"
Gulf Mewတို့အိမ်ကပြန်လာပြီးကတည်းက သိမ်ငယ်စိတ်တွေများပြီး သူစိတ်ကိုသူ အမှောင်ကျပြီး ၁ယောက်ထဲအတွေးတွေနဲ့ ရွက်လွှင့်နေသည် Gulfအတွေးတွေနဲ့ မွန်းကျပ်နေချိန် သူငယ်ချင်းဖြစ်သူတွေကို ရင်ဖွင့်လိုက်ရင်း ပြေပျောက်မလားဆိုတဲ့ အတွေးနဲ့ Roseနဲ့Champမျက်နာကို သေချာကြည့်ပြီး မေးလိုက်သည်
Champနဲ့Roseလဲ Gulfမျက်နာငယ်နဲ့ မေးတဲ့မေးခွန်းကြောင့် သူတို့ပါနည်းနည်းတွေဝေသွားသည် Gulfနဲ့ ပေါင်းလာတာ လပိုင်းရှိသေးတယ် ဆိုပေမဲ့ Gulfက စကားနည်းပြီး အေးအေးဆေးဆေးနေတက်၍ တော်ရုံကိစ္စကို သူတို့တောင်မသိရသဖြင့် Gulfခုလိုပြောတော့ အ့သြစရာတစ်ခုလိုဖြစ်နေသည်
"Gulf မင်းဘာတွေလျောက်တွေးနေတာလဲ"
"ဟုတ်သားပဲ Gulfနဲ့Phiက ခုမှသိတာလဲမဟုတ်ပဲနဲ့"
"မဟုတ်ဘူး Rose အရင်ကPhiနဲ့သိတယ်ဆိုတာက ခုလိုPhiချမ်းသာမှန်း ငါမသိခဲ့ဘူး"
"အင်းအဲဒါလဲ ဟုတ်တယ်နော်"
"ငါမိသားစုက တစ်ပိုင်တစ်နိင် စားသောက်ဆိုင်လေးပဲ ဖွင့်နိင်တယ် Phiက ဒီM.T.Sကုမ္ပဏီကို ဦးစီးနေတဲ့သူ ငါနဲ့ယှဥ်ရင် Phiက အများကြီးသာတယိ"