( Uni )
"Duty Of Love"
(Ep-12)
"Phi ကျွန်တော် ကျောင်းထဲ၀င်တော့မယ်"
"အင်း ဖြေးဖြေးသွားဦး"
"ဟုတ် Phi"
"ဖေကြီး သားအထဲ ၀င်တော့မယ် bb""ဟုတ်ပါပြီးဗျာ ညနေလာကြိုရဦးမလား"
"ရတယ် ဖေကြီး ခါတိုင်းလိုထင်းတို့နဲ့ပဲ ပြန်ခဲ့လိုက်မယ်"
"ဟုတ်ပြီး အ့ဆိုဖေကြီးတို့ ပြန်တော့မယ် bb"
"ဟုတ် bb"
အရင်ကလို Gulfစိတ်ဆိုးမှာ ကြောက်၍ ဦးကနာနဲ့အတူ Gulfကို ကျောင်းလိုက်ပို့ခဲ့သည်
"သား အန်ကယ်စျေးဘက် မောင်းလိုက်မယ်နော် သမီးနဲ့Mayကို ၀င်ခေါ်လိုက်ဦးမယ်"
"ဟုတ် အန်ကယ်"
"ကြီးကြီး၀ီ"
စျေးတန်းရဲ့ ညာဘက်အခြမ်းမှာစျေးခြင်းတောင်း ဘေးချကာ ဖိုင်းကိုစောင့်နေရင်း သူနဲ့မလှမ်းမကမ်း တွင်ရပ်နေသော ကြီး၀ီကိုတွေ့၍ အော်လိုက်သည်
ကြီး၀ီက Mayရဲ့ တစ်ဦးတည်းသော အဒေါ်လေ Mayအမေရဲ့ အမပါ Mayအမေ တစ်ဖက်ရွာသားနဲ့ရသွားချိန်မှာ ယောင်နောက်ဆံထုံးပါဆိုသလို Mayအမေ တစ်ဖက်ရွာက သူယောကျာ်းအိမ် လိုက်သွားပြီးကြီး၀ီကတော့သူတို့နေခဲ့တဲ့ အိမ်မှာပဲနေပြီး Mayမွေးချိန်မှသာ ခနသာသွားပြီး Mayအလယ်တန်းအရွယ်ရောက်တော့ မယ်ဖော့နဲ့အတူ ဘန်ကောက်တက်ကာ Mewတို့အိမ်မှာ အလုပ်လုပ်ခြင်းဖြစ်သည်
(ကြီး၀ီကို Ep-7အောက်ပိုင်းနားမှာ ဖိုင်းစျေးသွားရနိ Gulfကို လာနိုးချိန် ဖိုင်းပြောတဲ့စကားထဲမှာ ကြီး၀ီလို့မရေးခဲ့ပဲ Mayအဒေါ်ဆိုပြီးပဲ ရေးခဲ့ပါတယ်နော် ဒါဒါလေးတို့😊😊)
"သမီး May ၁ယောက်ထဲလား"
"မဟုတ်ဘူး သမီးသူငယ်ချင်းနဲ့ လာတာ အသားထုပ်ကျန်နေခဲ့လို့ သွားယူတယ်"
"ဟိုမှာ သူလာနေပြီး"
"ဖိုင်း ငါ့ဒီမှာ"အသားထုပ်ကိုင်ရင်း လောလောနဲ့ထွက်လာသော ဖိုင်းကို Mayသူတို့ရပ်နေရာကနေ လှမ်းအော်လိုက်သည်