( Uni )
"Duty Of Love"
(Ep-8)
"ငါ့ကို ကူသယ်ကြပါဦး ၂ယောက်ထဲ ဟန်းနီမွနိး ထွက်နေတယ် ထင်နေကြတာလား ဒီမှာလက်ပြုတ်တော့မယ်"
စျေးထဲ စျေးခြင်တောင်းကြီး ၁ယောက်ထဲဆွဲလာသော ဖိုင်း စျေးသွားကတည်းက Phiနေသာရဲ့လား ခေါင်းကိုက်နေသေးလား ဟိုကလဲ ပြုံးရယ်ပြီး ဘာမှမဖြစ်ပါဘူးကြီး အတင်းငြင်း စျေးထဲရောက်တော့လဲ သူရဲ့လူကြီးကို လက်ဆွဲပြီး
တစ်ဆိုင်၀င်တစ်ဆိုင်ထွက် ကူမသယ်ပေးတဲ့အပြင် တစ်တစ်တူးနေ၍ ဖိုင်းစိတ်တိုစွာ စျေးခြင်းတောင်းကြီးကို ဆောင့်ချ၍ Mewနဲ့Gulfကို မျက်စောင်းထိုး၍ ပြောလိုက်သည်
"တောင်းပန်ပါတယ်နော် ပေးPhiသယ်လိုက်မယ်"
"Phi နေကောင်းတာ မဟုတ်ဘူး ကျွန်တော်သယ်လိုက်မယ်"
"ရပါတယ် Phiပဲ"
"ကဲပါ ပေးကျွန်တော်သယ်လိုက်မယ် "
Mewစကားမဆုံးခင်မှာပဲ Gulf Mewလက်ထဲက စျေးခြင်တောင်းကို ဆွဲလုလိုက်သည်
"Mayမပါတာ ငါ့အတွက် အထီးကျန်သလို ဒင်းတို့၂ယောက် roမူထိုင်ကြည့်နေရတာ ငါ့တော့ ကံဆိုးတာပဲ"
ရှေ့ကထွက်သွားသော Mewနဲ့Gulf ကျောပြင်ကိုကြည့်ကာ ဖိုင်း၁ယောက် ခါးတခါခါနဲ့ သက်ပြင်းများချမိသည်
"ကြီး၀ီ ကြီး၀ီ"
"ဘာလဲ မယ်ဖော့"
"ဟိုမှာ ကိုလေးမဟုတ်လား"
"ဘယ်မှာလဲ"
ကားရှေ့ခေါင်းတံခါးလေးကို ဖွင့်ကာ တက်သွားသော Mewရဲ့ မျက်နာတစ်ဖက်ခြမ်းကို တွေ့လိုက်သဖြင့် မယ်ဖော့ ကြီး၀ီကို လက်ညိုးထိုးပြလိုက်သည်
"ငါ့ဖြင့် မတွေ့ပါဘူး ညည်းမျက်စိမှားတာနေမှာပါ"
ကြီး၀ီ မယ်ဖော့လက်ညိုး ထိုးပြတဲ့နေရာကို လှမ်းကြည့်တော့ Mewတို့ကားရှေ့ကို ကား၁စီးပိတ်ရပ်သွားသဖြင့် Mewတို့ကားကလဲ ရုတိတရကိ ဆိုသလို ပျောက်သွားသဖြင့် ကြီး၀ီ မမြင်တော့ချေ