( Uni )
"Duty Of Love"
(Ep-27)
"Hello Tar ဘာကိစ္စရှိလို့လဲ"
"ကိုကို အိမ်မှာအထူးဧည့်သည်ရောက်နေတယ်"
"ဘယ်သူလဲ Tar"
"မပြောပြပါဘူး ကိုကိုဘာသာ လာကြည့် aww ဒါနဲ့P´Gulfကိုပါ မိတ်ဆက်ဖို့ ခေါ်ခဲ့"
"အိုးဟိုး အ့ဆိုအတော် အရေးကြီးတဲ့ ဧည့်သည်ပဲ ဖြစ်မယ်"
"ဟုတ်တယ်ကိုကို မြန်မြန်လာခဲ့နော် Tarစောင့်နေမယ်"
"ဟုတ်ပြီး ဟုတ်ပြီး ကိုကိုခုပဲလာခဲ့မယ်နော်"
ဘယ်သူများပါလိမ့် Tarက Gulfကိုပါ မိတ်ဆက်ဖို့ ခေါ်လာခိုင်းတယ် မဟုတ်မှလွဲရော
"Lhong ငါ့အိမ်ခနပြန်မလို့ အဲဒါကုမ္ပဏီကို ခနကြည့်ပေးထားနော်"
"ဟုတ် ဟုတ်ဆရာ"
Mew Lhongကိုသေချာပြောပြီး လောလောနဲ့ထွက်သွားသည် Lhongလဲ ဆရာဘာတွေများ အလောကြီးနေလဲ ဆိုတဲ့အကြည့်နဲ့လိုက်ကြည့်မိသည်
"Gulf Gulf"
Mew Gulfအလုပ်စားပွဲရှိရာကို လောလောနဲ့၀င်လာပြီး အော်ခေါ်နေသည် Gulfအပြင် ထိုအနီးအနားက လူများကလဲ Mewအသံကြောင့် မျက်လုံးလေးကလယ်ကလယ်နဲ့ Mewကိုလိုက်ကြည့်နေမိသည်
"Phi ဘာဖြစ်လို့လဲ"
Gulfလဲ သူလူကြီးက အလောတကြီးနဲ့ သူဆီကို လာပြီးအော်ခေါ်နေ၍ ဘာမှန်းဖြစ်လာသလဲဆိုပြီး ထရာကနေထိုင်ကာ စိတ်ပူစွာဖြင့် မေးလိုက်သည်
"ဘာမှမဖြစ်ဘူး အလုပ်တွေထားခဲ့ ကိုနဲ့လိုက်ခဲ့"
"ဘယ်ကိုလဲ Phi"
"လိုက်မှာသာ လိုက်ခဲ့စမ်းပါ"
Mew Gulfကို ဘာမပြောညာမပြောနဲ့ အလုပ်ခန်းထဲက အတင်းဆွဲခေါ်ပြီး ကားရှိရာစီ ဦးတည်သွားလိုက်သည် Gulfလဲ သူလူကြီးက အတင်းဆွဲခေါ်၍ သာလိုက်ခဲ့ရသည် ဘာဖြစ်တယ်ဆိုတာရယ် မသိပေ
" Phiက ဒါကဘယ်သွားမလို့လဲ"
ကားကိုအရှိန်တင်မောင်းနေ၍ Gulf Mewကို စိတ်ပူသလိုကြည့်ပြီး မေးလိုက်သည်