( Uni )
"Duty Of Love"
(Ep-10)
"အား ကျွစ် ကျွစ် ခေါင်းတွေ ကိုက်လိုက်တာ"
"ငါ ငါဘယ်ရောက်နေတာလဲ"Tar ပုံမှန်မဟုတ်သလို ခေါင်းတွေကိုက်ကာ သူရောက်နေသည့် နေရာက ခါတိုင်းမဟုတ်သည့် အခန်းထဲရောက်နေသဖြင့် အခန်းကိုပတ်ကြည့််နေစဥ် အရွယ်ခပ်ကောင်းကောင်း သေသပ်စွာ ၀တ်စားထားပြီး သူအခန်းထဲ ၀င်လာသည်
"မောင်လေးတောင် နိုးနေပြီးပဲ ဒီမှာ ခေါင်းကိုက်ပျောက်အောင် သံပုရာရည်လေး သောက်လိုက်ပါဦး"
"နေ နေ နေပါဦး ကျွန်တော်ဘယ်ရောက်နေတာလဲ"
သံပုရာရည် ချပြီးထွက်ရနိ ပြင်နေသော ကောင်မလေးကို အိပ်ယာပေါ်က လူးလှဲထကာ မေးလိုက်သည်
"ဟုတ်ကဲ့ "
"ဒါက ချင်းမိုင်ရဲ့ ကြယ်ငါးပွင့် အဆင့်မှီ Hotalကို ရောက်နေတာပါ""ဘယ်လို"
"ချင်းမိုင် ဟုတ်လား"ကောင်မလေး စကားကြောင့် ကိုက်နေသည့် ခေါင်းကိုတူနဲ့ထုသလို တဒုန်းဒုန်းဖြစ်သွားသည် သူမသိလိုက်ခင်မှာပဲ ချင်းမိုင်ဆိုတဲ့နေရာကို ရောက်ရှိနေခြင်းကြောင်း အ့သြမိသည်
"ဟုတ်ကဲ့ ချင်းမိုင်ကို ရောက်နေတာပါ"
"ကျွန်တော် ဒီကိုဘယ်သူနဲ့ ရောက်လဲဆိုတာ သိလား"
"ဟုတိကဲ့ မောင်လေးရဲ့အကိုထင်တယ် သူကတော့အလုပ်ကိစ္စနဲ့ အပြင်သွားပါတယ် မောင်လေးနိုးလာရင် သံပုရာရည် ပို့ပေးဖို့ မှာထားခဲ့လို့ပါ"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်"
"အ့ဆို အမကိုခွင့်ပြုပါဦး လုပ်စရာလေးရှိသေးလို့"
"ဟုတ်ကဲ့ သွားလို့ရပါပြီး"
"ဟုတ်ကဲ့"
"ခင်ဗျာကြီး ဘာတွေကြံစည်နေတာလဲ P´San ဘာလို့ကျွန်တော် ဒီခေါ်လာတာလဲ"
Tar သံပုရာရည် သောက်ပြီး လန်းဆန်းသွားအောင် ရေချိုးခန်းထဲ ၀င်ခဲ့လိုက်သည် Sanက ဘယ်အချိန်ကတည်းက ကြိုတင်စီစဥ်ထားလဲ မသိဘူး Tarရဲ့အ၀တ်အစားတွေကို Tarအခနိးထဲ သေသပ်စွာထည့်ထားသည်