( Uni )
"Duty Of Love"
(Ep-6)
"ဟဲ့ ဟဲ့ ဒါကဘယ်လိုဖြစ်နေကြတာလဲ"
စျေးသွားရန် စျေးခြင်းတောင်းကို လုနေတဲ့ Gulfနဲ့ဖိုင်းကို ဒေါ်မာလာအော်လိုက်သည်
"ဒီမှာ မေရေ မေသားက သူကိုယ်တိုင် စျေးသွားမလို့တဲ့ အဲဒါသမီးက နင့်မ၀ယ်တက်ဘူး မသွားနဲ့လို့ပြောတာကို သမီးဆီက ခြင်းတောင်းဇွတ်လုနေလေရဲ့"
"မဟုတ်ဘူး မေကြီး သူတို့စျေးသွားရင်း သားရော လိုက်မယ်လို့ပြောတာ မမက မလိုက်နဲ့ အလုပ်ရှုတ်တယ်တဲ့ အ့ကြောင့် သားဘာသာPhiနဲ့ ကိုယ်တိုင်စျေးသွား၀ယ် မလို့ မမဆီကစျေးခြင်းတောင်း လုနေတာ"
"သားက ယောကျာ်းလေးလေ စျေးဘယ်လိုလုပ် ၀ယ်တက်မှာလဲ မမပဲလွှတ်လိုက်ပါ ပေးမေကြီးကို စျေးခြင်းတောင်း"
"အ့ဆို Phiလဲယောကျာ်းလေး လေPhiကျ ဘာလို့ခေါ်သွားကြတာလဲ"
"Phiက ယောကျာ်းလေး ဟုတ်တယ် ဒါမဲ့စျေး၀ယ်ရင်း မမတို့၀ယ်ပြီး သူကကူသယ်ပေးတာလေ"
"Phiမရှိခင်တုန်းကလဲ မဖိုင်းမMay ဒီတိုင်းစျေးသွား စျေးပြန်လုပ်နေကြတာပဲကို ခုကျမှ မနိုင်ဘူးဆိုတာ မဖြစ်နိင်ဘူး"
"မေ "
"မေသားကို ကြည့်ပြောဦး တော်ကြာစျေးနောက်ကျ နေဦးမယ်""ကဲပါ သားရယ်မမတို့ကို ခြင်းတောင်းပေးလိုက်ပါ စျေးနောက်ကျနေဦးမယ်"
"မပေးဘူး သားပါစျေးခေါ်မှ ပေးမှာ"
"ကဲမိဖိုင်း ညည်းမောင်တော်က ပြောမရဘူး ခေါ်သာခေါ်ခဲ့လိုက်တော့"
"Aa လိုက်ခဲ့"
"သွားမယ် Phi"
Gulf Mewလက်ကိုဆွဲကာ ရှေ့ကနေဦးဆောင်ထွက်သွားလေသည်"လိုက်ခဲ့ဆိုတာနဲ့ သူဟာကြီးနာမည်ကို အရင်တ မပြောချင်ဘူး"
ဖိုင်း Gulfနောက်ကျောကို ကြည့်ကာ အကဲပိုလွန်း၍ မျက်စောင်းထိုးကာ ပေါက်ပေါက်ဖောက်နေသည်
"ကဲပါ မိဖိုင်းရယ် သွားရအောင် "
Mayလဲ Gulfကို ပြောချင်ပေမဲ့ မပြောရက်နိင် အဲတော့ဖိုင်းကိုသာ ရမယ်ရှာရတော့သည်