( Uni )
"Duty Of Love"
(Ep-14)
"May ဘယ်သွားမလို့လဲ ဖိုင်းကရော ဘယ်ရောက်သွားတာလဲ"
"ဟိုလေ ဟို"
ဘောလုံးပွဲကနေ ရုတ်တရက်ဆိုသလို ထလာ၍ ဖိုင်းကိုလဲမတွေ့သဖြင့် မေးလိုက်သည် Mayကလဲ ဖိုင်းပြောထား၍ ဘာမှမပြောပဲ ဟိုဟို ဒီဒီအကြောင်းပြနေတုန်း Mew သူနဲ့ခပ်လှမ်းလှမ်းက ဖိုင်းနဲ့ကြီး၀ီတို့ စကားပြောနေတာတွေ့တော့ ထိုနေရာမှာတင်ပဲ ရပ်လိုက်သည်
"အကိုလာလေ ဆက်သွားမယ်လေ"
"ဟိုမှာ ဖိုင်းနဲ့စကားပြောနေတာ ဟို၁လောက စျေးမှာတွေ့ခဲ့ အဒေါ်ကြီးမို့လား"
"ဟုတ် ဟုတ် ဟုတ်တယ် အကို"
"ဘာလဲ Mayတို့က အကိုကို သူတို့နဲ့တွေ့ပေးမလို့လား"
"အဲဒါကလေ"
"တော်ပြီး အကိုGulfဆီပဲ သွားတော့မယ်"
"အကို အကို"
"ဟာ ဒုက်ခပါပဲ""ဟိုမှာ Mayလာပြီး"
"ဟဲ့ May မျက်နာကဘာဖြစ်နေတာလဲ ပြီးတော့ အကိုရော"သူတို့ဆီကို ရုပ်ပျက်ဆင်းပျက်နဲ့ စိတ်ပျက်လက်ပျက် ရောက်လာသော Mayကို ဖိုင်းမေးလိုက်သည်
"ဟုတ်တယ် သမီးMay သားMewရော ပါမလာဘူးလား"
"ပါလာတယ် ကြီးကြီး အကိုကကြီးကြီးတို့ တွေ့ပြီး ပြန်လှည့်သွားတယ်"
"May နင်ကလဲ ငါသေချာခေါ်ခဲ့လို့ မှာတာကို"
"ငါ့လဲ ခေါ်ခဲ့တာပဲ အကိုကို့က"
"ကဲထားတော့ အကိုဘယ်ထွက်သွားတာလဲ"
"Gulfဆီကို သွားမယ်လို့ ပြောသွားတာပဲ"
"a အ့Gulfဆီရောက်မှ ငါ့တို့သေမှာ"
ဖိုင်းလဲ Mayကြောင့် သက်ပြင်းအကြိမ်ကြိမ်ချ၍ Mayကိုစိတ်ပျက်သော အကြည့်တွေနဲ့ ကြည့်နေမိသည် Mayလဲ အပစ်လုပ်ထားသလို ခံစား၍ ဘာမှမပြောပဲ ခေါင်းလေးသာ ကုပ်နေတော့သည်
"အ့ဆို ဘာဆက်လုပ်မှာလဲ ဖိုင်း"
"ဘာလုပ်ရမှာလဲ အကို ကို့လိုက်ခေါ်ပြီး အကျိုးအကြောင်းပြောပြပြီး ကြီးကြီးတို့နဲ့ တွေ့ပေးရမှာပေါ့"