"Duty of Love "

199 18 0
                                    

( Uni )

"Duty  Of  Love"

(Ep-25)

(18+လေး ပါပါတယ်နော်😅😅)

"Phi  လူတွေလဲ  မမြင်ဘူး ဘယ်ရောက်သွားကြလဲ  မသိဘူး"

Gulf   ကုမ္ပဏီထဲ  ၀င်တော့၀န်ထမ်းများ  ခွေး၁ကောင်ကြောင်တမြီးတောင်  မတွေ့ရသဖြင့် ဟိုကြည့်ဒီကြည့်နဲ့   မေးလိုက်သည်   Mewကတော့ ဘာမှမသိသေးတဲ့Gulfရဲ့ ပုံစံလေးကိုသဘောကျပြီး  ပြုံးမိသည်

"Phi  ဘာလုပ်တာလဲ  သူများတွေမြင်ကုန်မယ်"

Gulf  ဟိုကြည့်ဒီကြည့်လုပ်နေတုန်း Mewက  Gulfရဲ့ပါးမို့မို့လေးကို လျှပ်တပြတ်နမ်းလိုက်သည်  Gulfကလဲ  ရုတိတရက်ဆိုတော့ လန့်ပြီးမျက်လုံးလေးပြူးကာ  Mewလက်မောင်းလေးကို  ခပ်ဖွဖွလေးရိုက်လိုက်သည်

"ဘယ်သူရှိလို့လဲ  လာ"

"ဒါကရော  ဘယ်ခေါ်သွားဦးမလို့လဲ  "

"လာပါလိုက်ခဲ့ပါ"

Mewက Gulfလက်ကလေးကို ဆွဲပြီး  အစည်းအဝေးခန်းမရှိရာဆီ  ခေါ်သွားလေသည်  ဘာမှမသိတဲ့Gulfကတော့  Mewခေါ်ဆောင်ရာ တွန်းဆုတ် တွနိးဆုတ်နဲ့  လိုက်လာခဲ့လေသည်

"နေဦး  Phi  ဒါကအစည်းအဝေးလုပ်တဲ့ အခန်းမို့လား"

Mew  အစည်းအဝေးအခန်းကို  တွန်းဖွင့်ရန် ပြင်နေချိန်  Gulfက ရပ်လိုက်ပြီးMewကို  မေးလိုက်သည်

"ဟုတ်တယ်လေ  ဘာလို့လဲ"

"ဒီထဲဘာ၀င်လုပ်မလို့လဲ   ကျွန်တော်တွေးနေသလိုတော့  မဟုတ်လောက်ပါဘူးနော်"

"Gulfက  ဘာတွေတွေးနေတာလဲ  မဟုတ်မှလွဲရော"

Gulfစကားကြောင့်   Mewအသည်းယားသလိုဖြစ်ကာ   Gulfနားနားလေး  ကပ်ကာGulfကြားရုံလေး  လေသံတိုးတိုးလေးဖြင့်  ပြောပြီး  တစ်ကိုယ်လုံးကို  ကိုက်စားတော့မယ်  အကြည့်ဖြင့် ကြည့်လိုက်သည်   Gulfကလဲ  Mewရဲ့အကြည့်တွေကို  ကြောက်ပြီး  မျက်နာလေးကို အောက်ကိုသာငုံထားလိုက်သည်

"ကိုက စတာပါ  ၀န်ထမ်းအားလုံးကို  အစည်းအဝေးခေါ်ထားတာ"

"Phiက ဘာလို့အစောကြီး မပြောတာလဲ ကျွန်တော်ထင်တာက"

"Duty  Of  Love" (Complete)Where stories live. Discover now