( Uni )
"Duty Of Love"
(Ep-26)
"Gulf ထတော့လေ"
သူရင်ထဲကမှာ မြုပ်နေအောင် အိပ်နေသော Gulfခေါင်းလေးကို လက်လေးနဲ့ထိုးဖွကာ နားနားကပ်ကာ နှိုးလိုက်သည် ညကသူဘယ်လောက်ဆိုးခဲ့လဲ မသိဘူး Gulfကတော့ သူရင်ခွင်ထဲမှာ တုပ်တုပ်မှမလှုပ်ပဲ အိပ်နေလေရဲ့ ညကအဖြစ်အပျက်များကို ပြန်ပုံဖော်ပြီး Mew၁ယောက် ပြုံးနေမိသည်
"Gulf ထတော့လို့"
သူနိုးတာကို မနှိုးသေးတဲ့ Gulfပါးကို နမ်းကာ ထပ်နှိုးလိုက်သည် ထိုအချိန်မှ Gulfခန္ဓာကိုယ်လေးက လှုပ်လှုပ်နဲ့ ဖြစ်လာပြီး ဟိုဘက်လှည့်လိုက်ပြီး သူကိုကျောပေးလိုက်သည် ပြီးမှအိပ်ချင်မူးတူး အသံသေးသေးလေး ထွက်လာသည်
"ကျွန်တော် အိပ်ချင်သေးတယ် Phi"
"ဟုတ်ပါပြီး အ့ဆိုကိုထတော့မယ် ရေချိုးပြီး မနက်စာပြင်ထားလိုက်မယ်နော် မွ"
"အင်း အင်း"
ဟိုဘက်လှည့်သွားတဲ့ Gulfမျက်နာလေး ငုံနမ်းကာ ကုတင်ခြေရင်း ပျံကြဲနေတဲ့ အကျီကိုကောက်၀တ်ကာ ညကအညစ်အကြေးများကို ဆေးကြောရန် ရေချိုးခန်းထဲကို ၀င်ခဲ့လိုက်သည် Gulfကတော့ ညကသူလူကြီးက သူဆီကအားများအကုန် စုပ်ယူထားတော့ အားများပျက်ကာ ပင်ပန်းနေသလို ဖြစ်ကာ ဘာမှမလုပ်ချင်မကိုင်ချင်တာနဲ့ ဆက်အိပ်နေလိုက်သည်
"Hello San အစောကြီးရှိသေးတယ် ဘာကိစ္စရှိလို့လဲ"
ရေချိုးပြီး မနက်စာပြင်နေတုန်း Sanဆီက ဖုန်းလာ၍ လုပ်လက်စ အလုပ်ကိုရပ်ကာ Apronလေးကို ချွတ်ပြီး ဘေးနားရှိဖုန်းကိုကောက်ကိုင်ကာ မေးလိုက်သည်
"မနက်အစောကြီး နောက်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ် Khun Mew"
"ကဲပြောပါ ဘာကိစ္စရှိလို့လဲ"
San အစောကြီးဖုန်းခေါ်တာ အကြောင်းတစ်ခုခုရှိရမည် ဆိုတာသိ၍ လိုရင်းကိုသာ မေးလိုက်သည်
"Khun Mew စုံစမ်းခိုင်းတဲ့ အကြောင်းပါ"
"ဘာတွေ သိရပြီးလဲ San"