( Uni )
"Duty Of Love"
(Ep-23)
"ဟမ်း"
ထမင်းစားနားချိန် စားနေကျဆိုင်မှာ Gulfနဲ့Mew ၂လဆိုတဲ့အတောအတွင်းမှာ အရမ်းကိုရင်းနှီးနေ၍ Roseနဲ့Champ အခွင့်အရေးရတုန်း မေးကြည့်တော့ သူနဲ့Mewရဲ့ အကြောင်းစုံကို ရှင်းပြတော့ Champနဲ့ Rose ထမင်းတောင်မစားနိင်ပဲ မျက်လုံးလေးပြူးပြီး ပါးစပ်အဟောင်းသားလေး ဖြစ်နေသည်
"Gulf နင့်တယ်ပြောနေတာလား"
Rose မယုံနိင်တွေ ဖြစ်ပြီး Gulfကိုမျက်လုံးလေး ပြူးပြီးမေးနေသည် Gulfလဲ Roseသူကိုကြည့်နေတဲ့ ပုံလေးကိုကြည့်ပြီး မရယိပဲမနေနိင်ဘူး Roseက MewကိုGulfရှေ့မှ အရမ်းကြွေပြခဲ့တဲ့ ပုံလေးတွေးတွေးပြီး ရယ်နေသည် Roseလဲ Gulfသူကိုလှောင်နေတယ်ဆိုတာ သိ၍ မျက်နာပူမိသည်
"ဟုတ်တယ် Rose"
"အ့ကြောင့် မင်းနဲ့P´Mewက ဒီလောက်ရင်းနှီးနေတာကို"
"ငါ့မသိခဲ့ဘူး P´Mewက မိန်းကလေးတွေမကြိုက်ဘူးဆိုတာ ခုတော့ ငါ့အသည်းတွေ ကွဲပါပြီး"
Rose နှုတ်ခမ်းထော်ပြီး ငိုမဲ့မဲ့မျက်နာလေးနဲ့ ပြောလိုက်သည် Gulfနဲ့Champလဲ Roseကိုကြည့်ပြီး သဘောကျနေကြသည်
"အ့ဆို မင်းနဲ့P´Mewက အရင်ကတည်းက သိကြတာပေါ့ ဟုတ်လား Gulf"
"ဟုတ်တယ် Champ"
"P´Mew P´Lhong မဂ်လာပါ"
Champ Gulfကိုမေးပေမဲ့ Mewက နောက်ကနေ ရောက်လာပြီး ဖြေလိုက်တော့ GulfလဲMewကိုလှည့်ကြည့်ကာ ပြုံးလိုက်သည် Champနဲ့Roseကတော့ Mewနဲ့Lhongကို လက်အုပ်ချီကာ နှုတ်ဆက်လိုက်သည် Mewက ခေါင်းလေးညိမ့်ပြလိုက်ပြီး သူတို့၃ယောက်နား ၀င်ထိုင်လိုက်သည်
"Champနဲ့ Rose ကိုနဲ့Gulfကြောင်း သိချင်ရင် ကိုကို့မေးလိုရတယ်"
Mew သူကိုအ့သြစွာ ကြည့်နေတဲ့ Roseနဲ့Champကို ခပ်ကြဲကြဲ ရယ်ကာပြောလိုက်သည် Champနဲ့Roseလဲ Mewစကားကြောင့် ၁ယောက်မျက်နာ ၁ယောက်ကြည့်ကာ ခေါင်းည်ိမ့်ပြလိုက်သည်
"ကျွန်တော်ရော မေးလို့ရမလား ဆရာ"
Mewနဲ့Gulf ၂လဆိုတဲ့အတောအတွင်းမှာ အရမ်းရင်းနှီးလာတာကို Lhongသိပေမဲ့ သူတို့ဒီလောက်အချိန်အတိုအတွင်း ဘာကြောင့် ရင်းနှီလာတယ်ဆိုတာတော့ မသိပေ Mewကလွယ်လွယ်နဲ့ လူ၁ယောက်ကိုရင်းနှီတက်တဲ့ လူမဟုတ်ဘူးဆိုတာ သိ၍ Mewနဲ့Gulfအကြားမှ ဆက်စပ်၁ခုမြန်းရှိမလားလို့ သူသိချင်သည်